မော်လမြိုင် ဇွန် ၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ကော့ခမယ်ကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်အတွက် Biographic/ Biometric ကောက်ယူခြင်းများကို ယနေ့ နံနက်ပိုင်းက ကော့ခမယ်ကျေးရွာ၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူး ဦးစီးအရာရှိ ဦးဆောင်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးခြင်းနှင့် e-ID စနစ်အတွက် Biographic/ Biometric Data ကောက်ယူခြင်းများ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကော့ခမယ်ကျေးရွာရှိ အိမ်ထောင်စု (၃) စု နိုင်ငံသားစိစစ်ရေးကတ် (၁၈၅) ဦး Biographic/ Biometric Data (UlD) ကောက်ယူသူ (၂၉၄) ဦးတို့ကို ဆောင်ရွက်ပေးနေမှုအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးစီးမှူး ဦးစီးအရာရှိ ဦးချစ်ကိုကိုနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)