အမရပူရ ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် နွေစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံက်ပိုင်း ဘနောကျေးရွာအုပ်စု၊ ကွင်းအမှတ်(၆၅၀)ကွင်း၊ ကွင်းအမည် ဘနောကွင်း၊ ဦးပိုင်အမှတ်(၁၁၃/၂)၊ ဧရိယာ(၂.၇၁)ဧကရှိ တောင်သူ ဒေါ်တင်တင်စိုး၏ (မုရင်း)လယ်မြေပေါ်တွင် စိုက်ပျိုးထားရှိသော နွေစပါး (မနောသုခ) စံကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့ အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ အမရပူရမြို့နယ် မြေစာရင်းဦးစီးဌာနမှူး ဦးဆယ်တင်နှင့်ဝန်ထမ်းများ၊ အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်မိုးဆွေရည်နှင့် ဝန်ထမ်းများ စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ စံကွက်မှ တစ်ဧကလျှင် အစိုအထွက်တင်း (၁၀၅.၄၇)တင်း ထွက်ရှိကြောင်း အမရပူရမြို့နယ် မြေစာရင်းဦးစီးဌာနရုံးမှ သိရသည်။
စိုးသီဟ(အမရ)