တောင်ငူ ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သာသနဟိတကာရီဗိမာန်တော်ကြီး၌ ၂၀၂၄ ခုနှစ်၊ နိကာယ်ငါးရပ်စာမေးပွဲကို ဇွန်၇ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်က အုပ်စု(၁)၊ ပါရာဇိကပါဠိဘာသာရပ် ဆက်လက်ဖြေဆိုသည်။
အဆိုပါ စာမေးပွဲကို ဇွန် ၇ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး နေ့စဥ်မွန်းတည့် (၁၂)နာရီအချိန်မှ ညနေ (၄)နာရီအထိ ဖြေဆိုရမည်ဖြစ်သည်။ ယမန်နေ့ ဇွန် ၈ ရက်နေ့တွင် အုပ်စု (၁)၊ ပါရာဇိကပါဠိဘာသာရပ်ဖြေဆိုသူ ရဟန်း (၂၅၆)ပါး၊ သီလရှင် (၂၄)ပါး၊ စုစုပေါင်း (၂၈၀)ပါး ဖြေဆိုခဲ့ကြောင်း တောင်ငူခရိုင် သာသနာရေးဦးစီးဌာနမှ သိရသည်။
ခရိုင် (ပြန်/ဆက်)