သရက်မြို့၌ ပလတ်စတစ်ညစ်ညမ်းညမ်းမှု လျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၉) နာရီက မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ် ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။