ညောင်ဦး ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သော ကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေလှူဒါန်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲအချိန်က ထနောင်းဝန်းကျေးရွာနှင့် တောင်ဇင်းအုပ်စု၊ ညောင်တိုတဲတိုက်သို့ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်သော ကျေးရွာများသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေများလှူဒါန်းပေးလျက်ရှိရာ ယနေ့တွင်လည်း ထနောင်းဝန်းကျေးရွာအတွက် သောက်သုံးရေ ၁၆၀၀ ဂါလံနှင့် တောင်ဇင်းအုပ်စု၊ ညောင်တိုတဲတိုက်အတွက် သောက်သုံးရေဂါလံ ၁၆၀၀ ဂါလံ၊ စုစုပေါင်း ၃၂၀၀ ဂါလံလှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာရေအလှူတော်အသင်းတာဝန်ခံ ဦးဝင်းမင်းထွန်းထံက သိရသည်။
ဒီပါလင်း
