တန့်ယန်းမြို့နယ်တွင် ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။