၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ရှိစာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ဇွန်လ ၁၁ ရက်နေ့ နံနက် (၆) နာရီက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆို ခဲ့သောကျောင်းသားကျောင်းသူ ၃၇၀ ဦးတွင် ၂၅၉ ဦး အောင်မြင်ခဲ့ကြောင်းသိရသည်။