ကာလိ ဇွန် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် စားအုန်းဆီများ ပုံမှန်ဈေးနှုန်းထက် မြှင့်တင်ရောင်းချခြင်း မရှိစေရေးအတွက် ယမန်နေ့က ကာလိမြို့မဈေးအတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကာလိမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးခင်ဇော်၊ ကာလိနယ်မြေ မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးရဲမင်းဟိန်း၊ ရဲတပ်တပ်ဖွဲ့ဝင်များတို့က ကာလိမြို့မဈေးအတွင်း ရောင်းချ လျက်ရှိသော ကုန်စုံဆိုင်များတွင် အခြေခံလူတန်းစားများအတွက် လိုအပ်သည့် စားအုန်းဆီများအား သတ်မှတ် ဈေးနှုန်းထက် မကျော်လွန်စေဘဲ မှန်ကန်စွာရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး စာအုန်းဆီရောင်းချလျက်ရှိသောဆိုင်များအနေဖြင့် ပုံမှန်ဈေးနှုန်းထက်မြှင့်တင်ရောင်းချပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။
ကာလိ(ပြန်/ဆက်)
 
    