မိုးညိုမြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ မိုးညို-မင်းလှသွားကားလမ်း၊ မိုင်တိုင်အမှတ် ၁၆ မိုင် ၂ ဖာလုံအနီး၌ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

သာပေါင်းမြို့နယ်တွင် ရေဘေးနှင့်မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးနှင့် မြေပြိုဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရှင်ကြီးပျောက် ကျေးရွာအုပ်စု၊ (ရှင်ကြီးပျောက်၊ မအူပင်ဒေါင့်၊ သံကြိုးတိုင်) ကျေးရွာများသို့ သွားရောက်လှည့်လည် အသိပညာပေးနှိုးဆော်ခဲ့ကြသည်။

တပ်ကုန်းမြို့နယ်၌ ပဲတီစိမ်း ၃၅၉၂၀ ဧက လျာထားစိုက်ပျိုး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးအဆင်ပြေစေရန် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံများဖြစ်သည့် ဖူးစားပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာနှင့် မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက် သီးနှံစုံ စိုက်ပျိုးလျက်ရှိရာ ပဲတီစိမ်းများကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မြဝတီမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကရင်ပြည်နယ်၊ မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် မွန်မြတ်ဖြူစင်လူမှုကူညီရေးအသင်းတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၁၁  နာရီက အမှတ်(၁)ရပ်ကွက်၌  သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့တွင်ဖွင့်လှစ်လျက်ရှိသော ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်း၌ လွိုင်ကော်မြို့တွင် ရုံးဖွင့်လှစ်၍ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ပြည်နယ်ဥပဒေချုပ်ရုံး၊ ပြည်နယ်တရားရေးဦးစီးမှူးရုံး၊ ပြည်နယ်ပညာရေးမှူးရုံး၊ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးများနှင့် ဝန်ထမ်းအိမ်ရာများသို့သွားရောက်၍ ရုံးအဆောက်အဦများ ဥပဓိရုပ်ခန့်ထည်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဝန်ထမ်းအိမ်ရာများ၌ ဝန်ထမ်းများ စားသောက်နေထိုင်ရေးစီမံထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့‌သည်။

မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေညာ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့နံနက်ပိုင်းက မင်းလှအခြေခံပညာကျောင်း၌ ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

တောင်ငူမြို့၊ သူနာပြုသင်တန်းကျောင်း၌ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်း (တောင်ငူ) ၌ သူနာပြု- သားဖွား ဒီပလိုမာ (၃) နှစ်သင်တန်း၊ သင်တန်းသားသင်တန်းသူများ၏ ဂျူတီကုတ်၊ ဦးဆောင်းအပ်နှင်းပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

တောင်ငူမြို့၌ ၂၀၂၄ ခုနှစ်၊ နိကာယ်ငါးရပ်စာမေးပွဲ အုပ်စု (၁)၊ ပါရာဇိကပါဠိဘာသာရပ် ဆက်လက်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ သာသနဟိတကာရီဗိမာန်တော်ကြီး၌ ၂၀၂၄ ခုနှစ်၊ နိကာယ်ငါးရပ်စာမေးပွဲကို ဇွန် ၇ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယမန်နေ့မွန်းတည့် (၁၂) နာရီအချိန်က အုပ်စု (၁)၊ ပါရာဇိကပါဠိဘာသာရပ် ဆက်လက်ဖြေဆိုသည်။

ကလေးဝမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အလွတ်တန်းပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက ပြည်သူ့အားကစားကွင်းကြီးရှိ အားကစားခန်းမ၌ ပြုလုပ်ခဲ့သည်။

သထုံမြို့နယ်၌ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်က သထုံမြို့၊ သိမ်ကုန်းရပ်ကွက်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to