သရက်မြို့၌ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်းကို ယနေ့နံနက်(၉)နာရီက သရက်ခရိုင်ခန်းမ၌ ကျင်းပခဲ့ရာ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွပ်အုပ်ချုပ်ရေးမျူးနှင့် ရပ်ကျေးစာရေးများ၊ ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။

ကံမမြို့နယ်၌လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အသိပညာပေး (Talk Show) ပြုလုပ်

ကံမမြို့နယ်၌လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အသိပညာပေး (Talk Show) ပြုလုပ် ကံမ စက်တင်ဘာ ၁၄ ကျော်ဇေယျဝင်း

အမာမြို့  (၃)ဘဝသစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က (၃)ဘဝသစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခန်းမ၌ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြသည်။

ကာလိမြို့တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်(၉) နာရီအချိန်က အခြေခံပညာအလယ်တန်း တာကော်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် လှိုင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေငါးသိန်းခွဲ ငါးမျိုးစိုက်ထည့်ပေး

ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးသယံဇာတများ စဉ်ဆက်မပြတ်ရေရှည်ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်နှင့် ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန်ရည်ရွယ်ကာ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ ကျွန်းငူကမ်းနားရှိ လှိုင်မြစ်အတွင်းသို့ ငါးသားပေါက်ကောင်ရေ ငါးသိန်းခွဲကို ငါးမျိုးစိုက်ထည့်ပေးခဲ့ကြကြောင်း သိရသည်။
Subscribe to