သရက် ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ပလတ်စတစ်ညစ်ညမ်းမှု လျှော့ချရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၉) နာရီက မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ် ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
ဈေးရောင်းဈေးဝယ် ပြည်သူများအား လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ကြွပ်ကြွပ်အိတ် အသုံးပြုခြင်း၏ဆိုးကျိုးများ၊ ကြွပ်ကြွပ်အိတ်အစားထိုးအသုံးပြုရမည့် နည်လမ်းများ၊ ကြွပ်ကြွပ်အိတ်အစား အင်ဖက်၊ ဗန်ဒါရွက်၊ ငှက်ပျောဖက်နှင့် စက္ကူအိတ်အမျိုးမျိုးကိုလည်းကောင်း၊ သောက်ရေသန့်ဘူးနှင့် ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော အအေးဘူးများကို အမှိုက်အဖြစ်မစွန့်ပစ်ဘဲ နေအိမ်နှင့်ရုံးတွင် ထည့်စရာပစ္စည်းအမျိူးမျိိုးအဖြစ် ပြန်လည်တီထွင်အသုံးပြုရန်တို့ ပါရှိသည့် အသိပညာပေး လက်ကမ်းစာစောင်များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဝန်ထမ်းများမှ ဈေးရောင်းဈေးဝယ် ပြည်သူများ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)
 
    