နတ်မောက် ဇွန် ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများအတွက် အလုပ် အကိုင်အခွင့်အလမ်းများရရှိရေး၊ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်စေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းဆောင်ရွက်နေမှုကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တံခွန်တိုင်ကျေးရွာ၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံဝန်ထမ်းများသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်နေအမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုးပွားစေရေး ရည်ရွယ်ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းတက်ရောက်ပြီးပါက သင်တန်းမှရရှိသည့်အတတ်ပညာများအား လက်တွေ့ပြန်လည် အသုံးချရန်၊ အဆင့်မြင့်စက်ချုပ်ပညာရပ်များအထိ လေ့လာကြရန်နှင့် မိသားစုဝင်ငွေတိုးပွားရေး စက်ချုပ်ပညာရပ်များဖြင့် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်ကြရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းအား တံခွန်တိုင်ကျေးရွာရှိ သင်တန်းသူ (၂၅)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ(၁၅.၅.၂၀၂၄) ရက်နေ့မှ (၁၃.၆.၂၀၂၄) ရက်နေ့ထိ (၁)လခန့် ကြာမြင့်မည်ဖြစ်ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။
သိမ့်သိမ့်မိုး
 
     
     
    