ရှမ်းရွာသစ်မြို့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆင်းသုခမျိုးစပါးများ တောင်သူများထံသို့လက်ဝယ်အရောက်ပေးအပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးစပါးစိုက်ပျိုးမည့် တောင်သူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ‌ ထောက်ပံ့သော ဆင်းသုခမျိုးစပါးများကို ယနေ့နံနက်ပိုင်းက တောင်သူများ ထံသို့ လက်ဝယ်အရောက်ကွင်းဆင်း ထောက်ပံ့ပေးအပ်ခံကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ မူးယစ်ဆေးဝါးအန္တရာယ်မှ ကင်းဝေးစေရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီအချိန်တွင် အမှတ် (၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့ အခြေခံပညာအလယ်တန်းကျောင်း၌ နယ်လှည့်ဝန်ဆောင်မှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အထအကောင်းများ ရရှိစေရန်ရည်ရွယ်၍ နယ်လည့်ဝန်ဆောင်မှု အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ဇွန် ၁၁ ရက်နံနက် ၁၀ နာရီက ဈေးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

မိုင်းပန်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်နိုင်စေရန် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများပါဝင်သော သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီ အချိန်က မြို့အဝင်ဂိတ်နှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။

သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ ကျောင်းသူ၊ ကျောင်းသားများ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်ခြင်းအလေ့အကျင်းကောင်းများရှိစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သံတောင်ကြီးမြို့အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်းပြီး စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ လူငယ်နဲ့အခွင့်အလမ်းစာအုပ်ကို ယနေ့နံနက်(၉)နာရီအချိန်က အ.ထ.ကစာကြည့်တိုက်ခန်းမတွင် စာဖတ်ဝိုင်း ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် မြေပြိုဘေးအန္တရာယ်အကြောင်းသိကောင်းစရာ ပညာပေးပိုစတာစိုက်ထူ

သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းလျှင် မြေပြိုမှုများ မကြာခဏဖြစ်သည့်အတွက် မြေပြိုဘေးအန္တရယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်လတ်နှင့်ဝန်ထမ်းများက ယနေ့နံနက် (၉) နာရီအချိန်က သံတောင်ကြီးမြို့၊ အမှတ် (၄) ကွက်လမ်းဆုံ၌ မြေပြိုဘေးအကြောင်းသိကောင်းစရာ ပညာပေးပိုစတာစိုက်ထူခဲ့ကြောင်း သိရသည်။

ကျေးသီးမြိုနယ်တွင် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်သန်းခေါင်စားရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ကြီးကြပ်၍ အများပြည်သူများ အသွားအလာများရာ နေရာများနှင့် မြို့မစျေးအတွင်း/အပြင်တို့၌ ယနေ့နံနက် (၈) နာရီအချိန်က ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ယူစို့" ဆောင်ပုဒ်ပါ အသိပညာပေး လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ပါသည်။ အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာ(၁) ရက်မှ (၁၅)ရက်နေ့အထိ သန်းခေါင်စာရင်း ကောက်ယူပါမည်။

မိုင်းပန်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရဲတပ်ဖွဲ့ဝင် သား/သမီးများအတွက် ပညာသင်စရိတ် ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် မြို့နယ်ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၏ ပညာသင်ကြားမည့် သား/သမီး၊ ကျောင်းသား/သူများအတွက် ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်ရဲစခန်း ခန်းမ၌ ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန်က ကျင်းပခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် ပိုးလောက်လန်းသေ(အဘိတ်)ဆေးခတ်ခြင်းများ ဆောင်ရွက်

ဇေယျာသီရိမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ပြည်စံအောင်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့သွားရောက်ပြီး ခြင်ကိုက်ခံရမှုကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် စနစ်ဖြင့် ပိုးလောက်လန်းသေ(အဘိတ်)ဆေးခတ်ခြင်းများအား ယနေ့နံနက်ပိုင်းက  ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မြို့သစ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေး

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂) လမှ တစ်နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဘုရားကြီးရပ်ကွက်ရှိ မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to