သံတောင်ကြီးမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ (HVP)ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ဒေါက်တာဇေယျာဦးနှင့် ကျန်းမာရေးဝန်ထမ်းများက အသက် (၉) နှစ် ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူလေးများ (၆၈)ဦးအား (HVP) သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို ယနေ့နံနက် (၉) နာရီ အချိန်က သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။