ခန္တီးမြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခန္တီးခရိုင် ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူငယ်များအား အတွေးအခေါ်မြင့်မားလာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်လာစေရန် နှင့် စာအုပ်စာပေ လေ့လာဖတ်ရှုလိုစိတ်များ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ စာပေချစ်မြတ်နိုးသူ (Youth Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြည်သူ့စာကြည့်တိုက်၌ ယနေ့ မွန်းလွဲ(၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပင်လုံမြို့၊ အမှတ် (၁) ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာများရှင်းလင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၁)ရပ်ကွက်၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ သိကောင်းစရာများအား ချပြရှင်းလင်းပွဲကို ယနေ့ နေ့လယ် (၁) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာ-သူနာပြုသားဖွားသင်တန်း ကျောင်းသူနာပြု သားဖွားဒီပလိုမာ(၃၀)ကြိမ်မြောက် သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-သူနာပြုသားဖွားသင်တန်းကျောင်း သူနာပြုသားဖွားဒီပလို မာ(၃၀)ကြိမ်မြောက် သင်တန်းသား/သူများ၏ ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာ-သူနာပြုသားဖွားသင်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် နည်းပြများ၊ သင်တန်းသား/သူများ တက်ရောက်ကြသည်။

ကျိုင်းတုံတက္ကသိုလ်၌ မူးယစ်ဆေးဝါးဆန့်ကျင်ရေးဆိုင်ရာ အသိပညာပေး ဟောပြော

၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကမ္ဘာ့သွေးလှူရှင်များနေ့အကြောင်းသိကောင်းစရာ Talk Show ဆွေးနွေးပွဲ ကျင်းပ

ကမ္ဘာ့သွေးလှူရှင်များနေ့အကြောင်းသိကောင်းစရာ Talk Show ဆွေးနွေးပွဲ ကျင်းပ လက်ပံတန်း ဇွန် ၁၀ မြို့နယ် (ပြန်/ဆက်)
Subscribe to