ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီး (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေတောင်မြို့နယ်တွင် ကုန်ပစ္စည်းအရောင်းဆိုင်၊ တယ်လီဖုန်းအရောင်းဆိုင်၊ စားသောက်ဆိုင်နှင့် စားသုံးဆီအရောင်းဆိုင်များအားကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများကို ခွဲခြားရောင်းချနေမှုများအား စစ်ဆေးအရေးယူရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရွှေတောင်မြို့နယ်တွင် ကုန်ပစ္စည်းအရောင်းဆိုင်၊ တယ်လီဖုန်းအရောင်းဆိုင်၊ စားသောက်ဆိုင်နှင့် စားသုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတွင်းသင်ထောက်ကူပြိုင်ပွဲ ကျင်းပပြုလုပ်

ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ရာပြည့်ခန်းမ၌ ယနေ့နံနက်ပိုင်းက အရာရာကိုသင်ထောက်ကူအဖြစ်အသုံးပြုနိုင်စွမ်းရှိလာအောင် တီထွင်ကြံဆစိတ်များရှိပြီး ကျောင်းသား/ ကျောင်းသူများကိုယ်တိုင် ပြုလုပ်အသုံးပြုနိုင်အောင် စီစဥ်ဆောင်ရွက်တတ်စေရန် အတွက် ကျောင်းတွင်းသင်ထောက်ကူပြိုင်ပွဲ ကျင်းပပြုလုပ်သည်။

ရွှေတောင်မြို့နယ် Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club နှင့် ပူးပေါင်း၍ မုဒိတာစာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ စာရေးဆရာကြီး မောင်ငြိမ်းသူ (ကြို့ပင်ကောက်)၏ “မြအဖူးတွေသစ်သစ်ဝေနှင့် လူငယ်ဝတ္ထုတိုများ" စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက " မုဒိတာ"စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်း၊ ပြပွဲ၊ ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ စာအုပ်များခင်းကျင်း ပြသပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပရာ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ( ၁၅) ဦး လာရောက်ယှဉ်ပြိုင်ကြသည်။

သီပေါမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ(Talk Show)ပြုလုပ်

သီပေါမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ(Talk Show)ပြုလုပ် သီပေါ စက်တင်ဘာ ၁၅ ခင်လေး(သီပေါ၊ ပြန်/ဆက်)

ရာသီဥတုပြောင်းလဲမှုလျော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးအသိ ပညာပေး Talk Show ဆောင်ရွက်

သရက်မြို့၌ ရာသီဥတုပြောင်းလဲမှုလျော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးအသိ ပညာပေး Talk Show ဆောင်ရွက် သရက် စက်တင်ဘာ ၁၅ ဇော်ထက် (သရက်)

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်အသင်းပေါင်းစုံ (အမျိုးသား)ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် (၂၅) နှစ်အောက် ကလပ်အသင်းပေါင်းစုံ (အမျိုးသား) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အဖွင့်အမှာစကား ပြောကြားသည်။

ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြန်အောင်မြို့ လွန်ဆေးမြိုင်ပန်းခြံအနီး ကမ်းပြိုမှု ဆက်လက်ဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အမှတ် (၁)ရပ်ကွက် လွန်ဆေးမြိုင် ပန်းခြံအနီး ဆည်မြောင်းစွန့်ပစ်ရေကာတာဘေးတွင်  ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှု ဖြစ်ပွားခဲ့ပြီး ရေပေါ်ရေလွှဲတန်းများနှင့် Floating Unit များပြုလုပ်၍ ကမ်းပြိုကမ်းစားမှု လျော့နည်းအောင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများ၏ လုပ်အားဖြင့် ဆောင်ရွက်ထားရှိခဲ့သည်။  အဆိုပါနေရာတွင် ဧရာဝတီမြစ်ရေ ကျဆင်းလာသည်အတွက် ယနေ့နံနက်က အလျားပေ(၅၀)၊ အကျယ် (၅)ပေခန့် ကမ်းပြိုမှုဆက်လက် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
Subscribe to