ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် အားလုံးပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်း

ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများတွင် အားလုံးပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်ကြရန် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပသည့် ၂၀၂၃ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် တိုက်တွန်းပြောကြားသည်။

ပုသိမ်မြို့၌ပြုလုပ်သည့် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားတွင် ပထမနှစ် (အငယ်တန်း) သင်တန်းသား၊ သင်တန်းသူတန်းသူ(၆၀)ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းများ အပ်နှင်းနိုင်ခဲ့

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ယမန်နေ့နံနက်ပိုင်းက သူနာပြု-သားဖွားဒီပလိုမာပထမနှစ် (အငယ်တန်း) သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို  ပြုလုပ်ခဲ့ပြီး ပထမနှစ် (အငယ်တန်း) သင်တန်းသား၊ သင်တန်းသူ(၆၀)ဦးအား ဂျူတီကုတ်နှင့်ဦးဆောင်းများအပ်နှင်းနိုင်ခဲ့ကြောင်းသိရပြီး အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ သင်တန်း သား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ

“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့် စကားအတိုင်းနိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း “ အုန်းတော” ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

မင်းပြားမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုအသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူထုအသိပညာပေးလှုပ်ရှားမှုကို ယမန်နေ့က မင်းပြားမြို့၌ ဆောင်ရွက်ခဲ့သည်။

ပဲခူးမြို  သီရိမင်္ဂလာ ဇေတဝန် ပရိယတ္တိ ဘုန်းကြီးကျောင်းတွင် ဝါယာကြိုးများမှာ အပူလွန်ကဲမှ မီးလောင်ကျွမ်းမှုဖြစ်ပွား

ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ နန်းဦးလမ်းရှိ သီရိမင်္ဂလာဇေတဝန်ပရိယတ္တိ ဘုန်းကြီးကျောင်းတွင် ယနေ့နံနက် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများက အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၄)စီး၊ အထောက် အကူပြု ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၄၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅)ဦးတို့ဖြင့် သွားရောက်၍ ငြှိမ်းသတ်ခဲ့ရာ (၀၀:၃၅)အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ကလေးအလုပ်သမားပပျောက်ရေးအသိ ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌  ကလေးအလုပ်သမားပ ပျောက်ရေးအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ ညနေ ၃ နာရီခွဲအချိန်က စာပေချစ်မြတ်နိုးသူ လူငယ်များနှင့် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to