အမာမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဌာနမှ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ မိုးရာသီတွင်ဖြစ်ပွားတတ်သော ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဝမ်းရောဂါများကြိုတင်ကာကွယ်နိုင်ရေး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အမာမြို့၊ မြို့ပေါ်ရပ်ကွက်များ၊ အခြေခံပညာအထက်တန်းကျောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းလွန်ကျောင်းများ၌ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၁၀) နာရီမှ စတင်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ(၂)နာရီတွင် ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။