ငါန်းဇွန်မြို့နယ်၌ ပြည်သူမျာအား စားသုံးဆီများဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဝေရောင်းချပေးလျက်ရှိ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၌ ယမန်နေ့ နံနက် (၈) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံကွပ်ကဲမှုဖြင့် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ယူ၍ မြို့ပေါ်(၅)ရပ်ကွက်ရှိ ပြည်သူများအား စားသုံးဆီများကို အိမ်ထောင်စုတစ်စုလျှင် စားသုံးဆီ(၁)ပိဿာ ၆၃၀၀ ကျပ်နှုန်းဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။