မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မှု

နေပြည်တော် ဇွန် ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် မကွေးတိုင်းဒေသကြီး အတွင်းရှိ မကွေးကြီးမြို့နယ်ရှိ  စာစစ်ဌာန(၄၃)ခု၌ စုစုပေါင်း ဖြေဆိုသူ ၉၄၇၀ ဦးတွင် အောင်မြင်သူ ၆၀၇၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၄ ဒသမ ၁၃၊ ငဖဲမြို့နယ်ရှိ စာစစ်ဌာန(၂)ခု၌ စုစုပေါင်း ၂၀၁ ဦးအနက် အောင်မြင်သူ ၁၁၂ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၅ ဒသမ ၇၂၊ ရေနံချောင်းမြို့နယ် အထက(၁) စာစစ်ဌာန၌ စုစုပေါင်း ၄၅၈ ဦးအနက် အောင်မြင်သူ ၂၉၇ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၄ ဒသမ ၈၅၊ စေတုတ္တရာမြို့နယ် စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၃၇၅ ဦးတွင် အောင်မြင်သူ ၂၃၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၂ ဒသမ ၄၊ ကံမမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၂၈၆ ဦးအနက် အောင်မြင်သူ ၁၉၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၄၈၊ နတ်မောက်မြို့နယ် စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၁၄၇ ဦးတွင် အောင်မြင်သူ ၃၀ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၇၅ ဒသမ ၅၁၊ တောင်တွင်းကြီးမြို့နယ်ရှိ  စာစစ်ဌာန(၂)ခု၌ စုစုပေါင်း ဖြေဆိုသူ ၇၉၂ ဦးတွင် အောင်မြင်သူ ၄၆၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၈ ဒသမ ၄၆၊ ချောက်မြို့နယ်ရှိ  စာစစ်ဌာန(၂)ခုတွင် စုစုပေါင်း ဖြေဆိုသူ ၃၅၀ ဦးတွင် အောင်မြင်သူ ၁၈၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၅၇၊ မင်းတုန်းမြို့နယ်ရှိ အထက(၁)စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၁၉၇ ဦးတွင် အောင်မြင်သူ ၁၄၂ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၇၂ ဒသမ ၀၈၊ အောင်လံမြို့နယ်ရှိ စာစစ်ဌာန(၄)ခုတွင် စုစုပေါင်း ဖြေဆိုသူ ၅၁၅ ဦးတွင် အောင်မြင်သူ ၃၆၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၇၀ ဒသမ ၁၀၊ ပွင့်ဖြူမြို့နယ် စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၆၄၅ ဦးတွင် အောင်မြင်သူ ၄၅၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၇၁ ဒသမ ၁၆၊ မြို့သစ်မြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင် စုစုပေါင်း ဖြေဆိုသူ ၄၉၉ ဦးတွင် အောင်မြင်သူ ၃၆၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၇၂ ဒသမ ၃၄၊ သရက်မြို့နယ်တွင် အထက(၁)စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၃၂၅ ဦးတွင် အောင်မြင်သူ ၂၀၈ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၄ ရာခိုင်နှုန်း၊ အောင်လံမြို့နယ်တွင် စာစစ်ဌာန (၃) ခု၌ စုစုပေါင်း ဖြေဆိုသူ ၂၁၅ ဦးတွင် အောင်မြင်သူ ၁၂၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၇.၆၇၊ ဆိပ်ဖြူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း ဖြေဆိုသူ ၃၀၀ ဦးတွင် အောင်မြင်သူ ၂၁၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၇၁.၆၇၊ စလင်းမြို့နယ်စာစစ်ဌာန၌ အောင်ချက်ရာခိုင်နှုန်း ၆၄ ဒသမ ၆၆၊ မင်းဘူးမြို့နယ်ရှိ စာစစ်ဌာန(၃)ခု၌ စုစုပေါင်း ၇၃၈ ဦးအနက် အောင်မြင်သူ ၄၉၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၀၇၊ ဂန့်ဂေါမြို့နယ်စာစစ်ဌာန၌ ဝင်ရောက်ဖြေဆိုသူ ၁၁၄ ဦးအနက် အောင်မြင်သူ ၁၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၁၂ ဒသမ ၂၈၊ မင်းဘူးမြို့နယ်ရှိ စာစစ်ဌာန(၃)ခု၌ စုစုပေါင်း ၇၃၈ ဦးအနက် အောင်မြင်သူ ၄၉၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၀၇၊ပခုက္ကူမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၄၂၀ ဦးအနက် အောင်မြင်သူ ၂၅၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၀ ဒသမ ၉၅ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြေညာထားရှိသည့်အပြင် Online မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

R&D