မွန်ပြည်နယ်အတွင်း  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မှု

နေပြည်တော် ဇွန် ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် မွန်ပြည်နယ်အတွင်းရှိ၊ သံဖြူဇရပ်မြို့နယ်တွင် စာစစ်ဌာန (၂) ခု၌ စုစုပေါင်း ၆၂၅ ဦးအနက် အောင်မြင်သူ ၃၅၂ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၁၂၊ မုဒုံမြို့နယ်တွင် စာစစ်ဌာန (၂) ခု၌ စုစုပေါင်း ၇၄၈ ဦးအနက် အောင်မြင်သူ ၄၈၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၄ ဒသမ ၈၄၊ သထုံမြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင် စုစုပေါင်း ဖြေဆိုသူ ၄၅၉ ဦးတွင် အောင်မြင်သူ ၂၇၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၉ ဒသမ ၆၉၊ ချောင်းဆုံမြို့နယ်ရှိ အထက(၁)စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၄၄၇ ဦးတွင် အောင်မြင်သူ ၂၈၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၃ ဒသမ ၃၁၊ ကျိုက်မရောမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၃၀၃ ဦးအနက် အောင်မြင်သူ ၁၇၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၄၃၊ ဘီးလင်းမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၃၉၃ ဦးအနက် အောင်မြင်သူ ၂၄၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၂ ဒသမ ၀၉၊ ပေါင်မြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၄၃၀ ဦးအနက် အောင်မြင်သူ ၂၅၈ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြေညာထားရှိသည့်အပြင် Online မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

R&D