ကျိုက်ထိုမြို့နယ်တွင် စပါးမျိုးစေ့ချ ကိရိယာပေးအပ်ပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် လယ်ယာလုပ်တောင်သူများ အသုံးပြုနိုင်ရန် စပါးမျိုးစေ့ချ ကိရိယာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ အခွန်ကောက်ခံရရှိမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ နယ်နိမိတ်အတွင်းနှင့် နယ်နိမိတ်ပြင်ပတို့တွင် ရောင်းချလျက်ရှိသည့် ဈေးဆိုင်များမှ အခွန်ကောက်ခံရရှိမှုနှင့် တိုးချဲ့ကောက်ခံမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ တက်ရောက်ကြသည်။

စေတုတ္တရာမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးရန် ပျိုးပင်ပေါင်း (၁၀၀၀၀) ပျိုးထောင်ထားရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီကာလ အတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် ဌာနဆိုင်ရာများနှင့် စာသင်ကျောင်းများ၊ ဒေသခံပြည်သူများ အခမဲ့ရယူစိုက်ပျိုးနိုင်ရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့မယာယီပျိုးဥယျာဉ်တွင်လူထုဖြန့် ပျိုးပင်ပေါင်း (၁၀၀၀၀) ပျိုးထောင်ထားကြောင်း သိရသည်။

မလှိုင်မြို့နယ်၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှကြီးမှူး၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတက္ကသိုလ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပ

ပဲခူးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့၊ နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။

ညောင်လေးပင် မြို့နယ်တွင် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး မြေစိုက်ဘုတ်စိုက်ထူ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ဇွန်လ (၁၂) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကလေးအလုပ်သမားပပျောက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး မြေစိုက်ဘုတ် စိုက်ထူခြင်းကို ယနေ့နံနက် (၈) နာရီခွဲအချိန်က ရန်ကုန်-မန္တလေး ကားလမ်းဘေးတွင် စိုက်ထူခဲ့ကြောင်း သိရသည်။
Subscribe to