နေပြည်တော် ဇွန် ၁၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ၊ ဟင်္သာတမြို့နယ်ရှိ စာစစ်ဌာန(၃)ခု၌ စုစုပေါင်း ဖြေဆိုသူ ၁၃၁၇ ဦးတွင် အောင်မြင်သူ ၆၂၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၀ ဒသမ ၇၄၊ ကျိုက်လတ်မြို့နယ်ရှိ စာစစ်ဌာန(၇)ခု၌ စုစုပေါင်း ဖြေဆိုသူ ၅၈၁ ဦးတွင် အောင်မြင်သူ ၃၈၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၆ ဒသမ ၀၉၊ ဘိုကလေးမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၇၈၈ ဦးအနက် အောင်မြင်သူ ၄၄၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၆ ဒသမ ၄၇၊ ဝါးခယ်မမြို့နယ်ရှိ စာစစ်ဌာန(၁၄)ခု၌ စုစုပေါင်း ၁၀၉၅ ဦးအနက် အောင်မြင်သူ ၅၇၇ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၆၉၊ လပွတ္တာမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၆၃၂ ဦးအနက် အောင်မြင်သူ ၃၀၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၄၊ ဓနုဖြူမြို့နယ်စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၅၂၂ ဦးတွင် အောင်မြင်သူ ၂၈၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၄ ဒသမ ၂၁၊ ညောင်တုန်းမြို့နယ်ရှိ စာစစ်ဌာန (၁၁)ခု၌ စုစုပေါင်း ဖြေဆိုသူ ၄၀၃ ဦးတွင် အောင်မြင်သူ ၂၄၇ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၁ ဒသမ ၂၉၊ ဒေးဒရဲမြို့နယ်ရှိ စာစစ်ဌာန (၄)ခု၌ စုစုပေါင်း ဖြေဆိုသူ ၄၄၂ ဦးတွင် အောင်မြင်သူ ၂၆၀ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၈ ဒသမ ၈၂၊ သာပေါင်းမြို့နယ်ရှိ စာစစ်ဌာန (၆)ခု၌ စုစုပေါင်း ဖြေဆိုသူ ၆၄၄ ဦးတွင် အောင်မြင်သူ ၃၆၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၆ ဒသမ ၆၈၊ မအူပင်မြို့နယ်စာစစ်ဌာနတွင် စုစုပေါင်း ၁၀၀၀ ဦးအနက် အောင်မြင်သူ ၆၂၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၂ ဒသမ ၅၀၊ အိမ်မဲမြို့နယ်တွင် စာစစ်ဌာန (၈) ခု၌ စုစုပေါင်း ဖြေဆိုသူ ၇၁၉ ဦးတွင် အောင်မြင်သူ ၄၈၀ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၇ ဒသမ ၀၂၊ မာန်အောင်မြို့နယ်ရှိ စာစစ်ဌာန (၂) ခု၌ စုစုပေါင်း ဖြေဆိုသူ ၄၉၃ ဦးတွင် အောင်မြင်သူ ၃၀၈ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၂ ဒသမ ၄၇၊ ကျောင်းကုန်းမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၇၉၀ ဦးအနက် အောင်မြင်သူ ၅၀၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၄ ဒသမ ၀၅၊ ငပုတောမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၁၀၀၉ ဦးအနက် အောင်မြင်သူ ၆၆၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၉ ဒသမ ၅၂၊ ဟိုင်းကြီးကျွန်းမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၄၈၈ ဦးအနက် အောင်မြင်သူ ၃၀၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၆၁၊ ငါးသိုင်းချောင်းမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၁၃၅ ဦးအနက် အောင်မြင်သူ ၈၂ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၀ ဒသမ ၇၄၊ ရွှေတောင်ယံမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၃၂ ဦးအနက် အောင်မြင်သူ ၁၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၉ ဒသမ ၄၊ ပန်းတနော်မြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၆၃၄ ဦးအနက် အောင်မြင်သူ ၃၁၇ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၉ ဒသမ ၃၀၊ အင်္ဂပူမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၇၅၄ ဦးအနက် အောင်မြင်သူ ၄၇၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၂ ဒသမ ၈၆၊ ဇလွန်မြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၄၉၅ ဦးအနက် အောင်မြင်သူ ၃၀၈ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၂ ဒသမ ၂၂၊ ကြံခင်းမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၂၆၂ ဦးအနက် အောင်မြင်သူ ၁၅၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၈ ဒသမ ၃၂၊ ချောင်းသာမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၄၈ ဦးအနက် အောင်မြင်သူ ၂၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၇ ဒသမ ၉၂၊ မြန်အောင်မြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၄၄၂ ဦးအနက် အောင်မြင်သူ ၃၁၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၇၀ ဒသမ ၃၆၊ ပုသိမ်မြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၁၃၃၃ ဦးအနက် အောင်မြင်သူ ၈၈၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၆ ဒသမ ၂၄၊ ဖျာပုံမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၈၁၆ ဦးအနက် အောင်မြင်သူ ၄၄၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၅ ဒသမ ၀၂၊ ကန်ကြီးထောင့်မြို့နယ်ရှိ စာစစ်ဌာန(၉)ခု၌ စုစုပေါင်း ၇၀၁ ဦးအနက် အောင်မြင်သူ ၄၁၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၉ ဒသမ ၀၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြေညာထားရှိသည့်အပြင် Online မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
R&D
