နေပြည်တော် ဇွန် ၁၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင်ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ၂၀၂၄ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ ၁၂၈၉ ဦးအနက် အောင်မြင်သူ ၇၂၉ စုစုပေါင်း ၅၆ ဒသမ ၅၆ ရာခိုင်နှုန်း၊ ဥတ္တရသီရိမြို့နယ်စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၆၃၈ ဦးတွင် အောင်မြင်သူ ၃၆၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၂၁၊ ဒက္ခိဏသီရိမြို့နယ် စာစစ်ဌာန၌ စုစုပေါင်း ဖြေဆိုသူ ၂၆၅ ဦးတွင် အောင်မြင်သူ ၁၄၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၅ ဒသမ ၀၉၊ ဇေယျာသီရိမြို့နယ်ရှိ စာစစ်ဌာန(၅)ခုတွင် စုစုပေါင်း ဖြေဆိုသူ ၉၅၁ ဦးတွင် အောင်မြင်သူ ၄၄၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၆ ဒသမ ၆၉၊ ပျဉ်းမနားမြို့နယ် စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၁၄၀၃ ဦးတွင် အောင်မြင်သူ ၈၅၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၀ ဒသမ ၈၀၊ ပုဗ္ဗသီရိမြို့နယ်ရှိ စာစစ်ဌာန(၅)ခု၌ စုစုပေါင်း ၁၀၉၁ ဦးအနက် အောင်မြင်သူ ၆၄၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၉ ဒသမ ၀၃၊ လယ်ဝေးမြို့နယ်ရှိ စာစစ်ဌာန(၁၁)ခု၌ စုစုပေါင်း ၁၉၆၀ ဦးအနက် အောင်မြင်သူ ၁၁၅၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၈ ဒသမ ၉၈၊ ဇမ္ဗူသီရိမြို့နယ်ရှိ စာစစ်ဌာန(၅)ခု၌ စုစုပေါင်း ၈၃၁ ဦးအနက် အောင်မြင်သူ ၄၄၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၄ ဒသမ ၀၃ ရာခိုင်နှုန်းတို့ဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြေညာထားရှိသည့်အပြင် Online မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
R&D
