ကေ့ာကရိတ်မြို့ ကျုံဒိုး အ.ထ.ကကျောင်း၌ ဗလငါးတန်ပြည့်စုံရေး လူငယ်စကားဝိုင်း ကျင်းပ

လူငယ်များ ဘတ်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံရေး၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေး၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အလေ့အထများ ရရှိစေရေး၊  ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က ကျုံဒိုး အခြေခံ ပညာအထက်တန်းကျောင်း (ခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းရှူးမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်းနှင့် (Biometric)အချက်အလက်စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်(၂)ဖြင့် ဝမ်လွိုင်ကျေးရွာအုပ်စုမှ ရွာသူ၊ ရွာသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီးသူများအား (Biometric)အချက်အလက်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

ကွတ်ခိုင်မြို့တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ (စက်တင်ဘာလ)ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မြန်မာ့စီးပွာရေးဘဏ်၌ လစဉ်(၂၀) ရက်နေမှစ၍ နောက်လဆန်းပိုင်းအထိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို စဉ်ဆက်မပျက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက သဲကျွန်းကျေးရွာနှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့ သို့ သွားရောက်ငှားရမ်းပေးကြသည်။

ဒက္ခိဏသီရိမြို့နယ်တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင် ဒက္ခိဏသီရိမြို့နယ် ရွာမကျေးရွာတွင် ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်​ကြီးဌာန သင်တန်းကျောင်း၌ သန်းခေါင်စာရင်း သင်တန်းတက်ရောက်နေသော သင်တန်းသားများက လက်တွေ့စမ်းသပ်ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။.

ဝမ်းတွင်းမြို့နယ်ရှိ စာဖတ်ဝိုင်း ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာနတွင် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ချောက်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ချောက်မြို့နယ် မူလတန်းကြိုကျောင်း၏ ရင်သွေးငယ်လေးများ ကာယ၊ ဥာဏ၊ စာရိတ္တ​ပေါင်းသင်းဆက်ဆံ​ရေးနှင့် စိတ်ခံစားမှုဆိုင်ရာ အ​ခြေခံဖွံ့ဖြိုးမှုများ ဘက်စုံတိုးတက်​အောင်​လေ့ကျင့်၍ ရင်သွေးငယ်လေးများ ဥာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်​စေရန် ရည်ရွယ်၍ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက ယင်းကျောင်းရှိ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ယမန်နေ့ နံနက် ၁၀ နာရီက အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်အတွင်းရှိ တောင်သူများ၏ တောင်းဆိုချက်အရ စနစ်တကျလယ်ယာမြေများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ တောင်သူများ၏ တောင်းဆိုချက် အရ စနစ်တကျလယ်ယာမြေများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မအူတောကျေးရွာအုပ်စု၊ ထန်းတစ်ပင်ကျေးရွာနှင့် သစ်တပ်ကျေးရွာ အုပ်စု၊ သစ်တပ်ကျေးရွာတို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
Subscribe to