တနင်္သာရီတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မှု

နေပြည်တော် ဇွန် ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ၊ တနင်္သာရီမြို့နယ်ရှိ အထက(၁)စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၁၀၀ ဦးတွင် အောင်မြင်သူ ၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆ ရာခိုင်နှုန်း၊ ပုလောမြို့နယ်ရှိ အထက(၁)စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၁၆၃ ဦးတွင် အောင်မြင်သူ ၉၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၅ ဒသမ ၈၃၊ ပလောက်မြို့နယ်ရှိ အထက(၁)စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၄၁ ဦးတွင် အောင်မြင်သူ ၂၂ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်း၊ကျွန်းစုမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၂၇၆ ဦးအနက် အောင်မြင်သူ ၁၄၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၁ ဒသမ ၈၁၊ ကရသူရိမြို့နယ်စာစစ်ဌာန၌ အောင်ချက်ရာခိုင်နှုန်း ၁၆ ဒသမ ၆၇ ရာခိုင်နှုန်းအောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြေညာထားရှိသည့်အပြင် Online မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

R&D