မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မှု

နေပြည်တော် ဇွန် ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်ပန်းတောင်းမြို့နယ်တွင် စာစစ်ဌာန (၃) ခု၌ စုစုပေါင်း ၇၄၉ ဦးအနက် အောင်မြင်သူ ၅၂၇ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၇၀ ဒသမ ၃၆၊ တောင်သာမြို့နယ်စာစစ်ဌာန၌ အောင်ချက်ရာခိုင်နှုန်း ၅၄ ဒသမ ၃၅၊ မဟာအောင်မြေမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၁၇၁ ဦးအနက် အောင်မြင်သူ ၁၁၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၈ ဒသမ ၈၂၊ မိုးကုတ်မြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၈၀ ဦးအနက် အောင်မြင်သူ ၃၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၅ ဒသမ ၀၀၊ မတ္တရာမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၂၉၉ ဦးအနက် အောင်မြင်သူ ၁၂၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၀ ဒသမ ၄၇၊ သပိတ်ကျင်းမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၂၄၇ ဦးအနက် အောင်မြင်သူ ၉၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၆ ဒသမ ၈၄၊ ဝမ်းတွင်းမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၅၉၂ ဦးအနက် အောင်မြင်သူ ၄၁၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၇၀ ဒသမ ၀၀၊ မိတ္ထီလာမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၂၆၀၉ ဦးအနက် အောင်မြင်သူ ၁၈၃၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၇၀ ဒသမ ၂၆၊ ငါန်းဇွန်မြို့နယ် အထက(၁)စာစစ်ဌာန၌ စုစုပေါင်း ၁၆၀ ဦးအနက် အောင်မြင်သူ ၈၀ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၀ ဒသမ ၀၀၊ မြင်းခြံမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၁၈၃ ဦးအနက် အောင်မြင်သူ ၇၂ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၉ ဒသမ ၃၄၊ တံတားဦးမြို့နယ်စာစစ်ဌာန၌ စာမေးပွဲဝင်ရောက်ဖြေဆိုသူ (၃၄၉) ဦးရှိပြီး အောင်မြင်သူ (၁၉၈)ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၆ ဒသမ ၇၃ ၊ သာစည်မြို့နယ်ရှိ စာစစ်ဌာန(၅)ခုတွင် စုစုပေါင်း ဖြေဆိုသူ ၉၁၆ ဦးတွင် အောင်မြင်သူ ၆၁၇ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၃၆၊ ချမ်းအေးသာစံမြို့နယ်ရှိ စာစစ်ဌာနများတွင် စုစုပေါင်း ဖြေဆိုသူ ၆၇၇ ဦးတွင် အောင်မြင်သူ ၅၃၂ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၇၈ ဒသမ ၅၈၊ ညောင်ဦးမြို့နယ်ရှိ စာစစ်ဌာန(၃)ခုတွင် စုစုပေါင်း ဖြေဆိုသူ ၃၉၄ ဦးတွင် အောင်မြင်သူ ၂၂၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၈ ဒသမ ၈၅၊ စဥ့်ကူး(အ.ထ.က)စာစစ်ဌာန၌  ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက် ဖြေဆိုသူ(၂၂၆)ဦးရှိရာ အောင်မြင်သူဦးရေ (၆၉)ဦးရှိပြီး အောင်ချက်ရာနှုန်း ၃၀ ဒသမ ၅၃၊ မြစ်သားမြို့နယ်အတွင်းရှိ  စာစစ်ဌာန (၃) စာမေးပွဲဝင်ရောက်ဖြေဆိုသူ (၄၁၃) ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၅၉ ဒသမ ၃၂ ၊ စဉ့်ကူးမြို့နယ်အတွင်းရှိ အထက(၁)စာစစ်ဌာန၌ စာမေးပွဲဝင်ရောက်ဖြေဆိုသူ (၂၂၆) ဦးရှိပြီး အောင်မြင်သူ (၆၉)ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၀ ဒသမ ၅၃ ၊ ပြင်ဦးလွင်မြို့နယ်၌ စုစုပေါင်း ကျောင်းသား၊ကျောင်းသူ(၃၃၇၁)ဦး ဝင်ရောက် ဖြေဆိုခဲ့ရာ စုစုပေါင်း (၂၄၃၀)ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြေညာထားရှိသည့်အပြင် Online မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

R&D