ရှမ်းပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မှု

နေပြည်တော် ဇွန် ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းတုံမြို့နယ်တွင် အထက(၁)စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၅၂ ဦးတွင် အောင်မြင်သူ ၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၁ ဒသမ ၅၄၊ တန့်ယန်းမြို့နယ်စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၁၃၆ ဦးတွင် အောင်မြင်သူ ၆၂ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၅ ဒသမ ၈၅၊ မိုင်းဖြတ်မြို့နယ်ရှိ စာစစ်ဌာန(၂)ခု၌ အောင်မြင်သူ ၂၇ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၂ ဒသမ ၁၉၊ မိုးနဲမြို့နယ်ရှိ စာစစ်ဌာန(၂)ခု၌ စုစုပေါင်း ၉၇ ဦးအနက် အောင်မြင်သူ ၄၇ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၄၅၊ ဟိုပုံးမြို့နယ် အထက(၁)စာစစ်ဌာန၌ စုစုပေါင်း ၅၀၂ ဦးအနက် အောင်မြင်သူ ၂၀၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၁ ဒသမ ၅၃၊ မိုင်းပျဉ်းမြို့နယ် အထက(၁)စာစစ်ဌာန၌ စုစုပေါင်း ၃၁ ဦးအနက် အောင်မြင်သူ ၇ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၂ ဒသမ ၅၈၊ ပင်လုံမြို့နယ်ရှိ အထက(၁)စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၁၆၃ ဦးတွင် အောင်မြင်သူ ၇၀ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၂ ဒသမ ၉၄၊ ရပ်စောက်မြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၅၁၆ ဦးအနက် အောင်မြင်သူ ၂၇၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၉၁၊ နောင်တရားမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၂၅၆ ဦးအနက် အောင်မြင်သူ ၁၁၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၄၊ ပင်းတယမြို့နယ်ရှိ စာစစ်ဌာန(၃)ခုတွင် စုစုပေါင်း ဖြေဆိုသူ ၃၉၂ ဦးတွင် အောင်မြင်သူ ၂၂၀ ဦး၊ မောက်မယ်မြို့နယ်စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၄၇ ဦးတွင် အောင်မြင်သူ ၁၇ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၆ ဒသမ ၁၇၊ မိုင်းရှူးမြို့နယ်ရှိ စာစစ်ဌာန(၂)ခုတွင် စုစုပေါင်း ဖြေဆိုသူ ၈၀ ဦးတွင် အောင်မြင်သူ ၂၈ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၅ ရာခိုင်နှုန်း၊ မိုင်းခတ်မြို့နယ်တွင် အထက(၁)စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၁၆ ဦးတွင် အောင်မြင်သူ ၂ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၁၂ ဒသမ ၅၀၊ ကွန်ဟိန်းမြို့နယ်တွင် အထက(၁)စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၂၄ ဦးတွင် အောင်မြင်သူ ၈ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၃ ဒသမ ၃၃၊ မိုင်းဆတ်မြို့နယ်တွင် စာစစ်ဌာန (၂) ခု၌ စုစုပေါင်း ဖြေဆိုသူ ၁၂၆ ဦးတွင် အောင်မြင်သူ ၄၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၁၁ ဒသမ ၅၄၊ နမ့်စန်မြို့နယ်တွင် စာစစ်ဌာန (၂) ခု၌ စုစုပေါင်း ၃၃၄ ဦးအနက် အောင်မြင်သူ ၁၆၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၈၊ မိုင်းကိုင်မြို့နယ်တွင် စာစစ်ဌာန (၂) ခု၌ စုစုပေါင်း ၃၀ ဦးအနက် အောင်မြင်သူ ၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၀၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၇၄၃ ဦးတွင် အောင်မြင်သူ ၃၈၈ ဦး၊ နောင်ချိုမြို့နယ်တွင် စာစစ်ဌာနတွင်  စုစုပေါင်း ဖြေဆိုသူ ၄၉၄ ဦးတွင် အောင်မြင်သူ ၃၃၂ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၂၁၊ မိုင်းပန်မြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၄၃ ဦးအနက် အောင်မြင်သူ ၁၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၂၅ ဒသမ ၅၈၊ ဆီဆိုင်မြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၂၆၄ ဦးအနက် အောင်မြင်သူ ၈၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၀ ဒသမ ၆၈၊ ညောင်ရွှေမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၈၄၂ ဦးအနက် အောင်မြင်သူ ၄၂၈ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၀ ဒသမ ၈၃၊ ကလောမြို့နယ်ရှိ စာစစ်ဌာန(၆)ခု၌ စုစုပေါင်း ၈၁၆ ဦးအနက် အောင်မြင်သူ ၅၀၈ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၂ ဒသမ ၂၆၊ ဟိုပုံးမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၉၉၆ ဦးအနက် အောင်မြင်သူ ၅၂၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၆ ဒသမ ၂၇  ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြေညာထားရှိသည့်အပြင် Online မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

R&D