ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မှု

နေပြည်တော် ဇွန် ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒဂုံဆိပ်ကမ်းမြို့နယ်စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၂၉၉ ဦးတွင် အောင်မြင်သူ ၁၃၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၄ ဒသမ ၄၈၊ ကမာရွတ်မြို့နယ်စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၄၀၉ ဦးတွင် အောင်မြင်သူ ၃၀၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၇၇ ဒသမ ၂၅၊ ခရမ်းမြို့နယ်စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၃၂၁ ဦးတွင် အောင်မြင်သူ ၁၉၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၉၅ ဒသမ ၅၊ ကော့မှူးမြို့နယ်စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၂၀၁ ဦးတွင် အောင်မြင်သူ ၁၁၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၆ ဒသမ ၇၂၊ ရန်ကုန်မြို့နယ်ရှိ အထက(၁)စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၆၉၅ ဦးတွင် အောင်မြင်သူ ၃၃၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၂၊ ဗဟန်းမြို့နယ်တွင် အောင်ချက်ရာခိုင်နှုန်း ၇၀ ဒသမ ၄၅၊ သန်လျင်မြို့နယ်ရှိ အထက(၁)တွင် စာစစ်ဌာန၌ စုစုပေါင်း ၆၉၅ ဦးအနက် အောင်မြင်သူ ၃၃၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၂၀၊ သုံးခွံမြို့နယ်ရှိ အထက(၁)တွင် စာစစ်ဌာန၌ အောင်မြင်သူ ၁၈၈ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၂ ရာခိုင်နှုန်း၊ တွံတေးမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၄၈၁ ဦးအနက် အောင်မြင်သူ ၂၀၂ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၃ ဒသမ ၉၁၊ တံတားမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၁၄၂ ဦးအနက် အောင်မြင်သူ ၈၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၉ ဒသမ ၈၅၊ ဒဂုံတောင်မြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၇၃၅ ဦးအနက် အောင်မြင်သူ ၃၃၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၅ ဒသမ ၀၃၊ တိုက်ကြီးမြို့နယ်ရှိ စာစစ်ဌာန(၅)ခု၌ စုစုပေါင်း ၇၄၀ ဦးအနက် အောင်မြင်သူ ၄၅၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၁ ဒသမ ၆၂၊ မှော်ဘီမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၁၃၇၉ ဦးအနက် အောင်မြင်သူ ၅၈၀ ဦး၊ တောင်ဥက္ကလာပမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၂၉၀ ဦးအနက် အောင်မြင်သူ ၁၆၂ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အဆိုပါ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြေညာထားရှိသည့်အပြင် Online မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

R&D