ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မှု

နေပြည်တော် ဇွန် ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ အောင်စာရင်းများ ထုတ်ပြန်ကြေညာရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အုတ်ဖိုမြို့နယ်စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၂၆၅ ဦးတွင် အောင်မြင်သူ ၁၆၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၀ ဒသမ ၇၅၊ ပေါက်ခေါင်းမြို့နယ် အထက(၁)စာစစ်ဌာန၌ စုစုပေါင်း ၂၉၄ ဦးအနက် အောင်မြင်သူ ၂၀၀ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၈ ဒသမ ၀၃၊ အုတ်တွင်းမြို့နယ်ရှိ စာစစ်ဌာန(၆)ခု၌ စုစုပေါင်း ၄၉၈ ဦးအနက် အောင်မြင်သူ ၂၅၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၃ ဒသမ ၈၆၊ ရွှေတောင်မြို့နယ်ရှိ စာစစ်ဌာန(၄)တွင် စုစုပေါင်း ဖြေဆိုသူ ၃၈၅ ဦးတွင် အောင်မြင်သူ ၂၂၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၈၅ ဒသမ ၄၄၊ ထန်းတပင်မြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၂၁၀ ဦးအနက် အောင်မြင်သူ ၁၁၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ  ၈၅၊ ရေတာရှည်မြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် စုစုပေါင်း ဖြေဆိုသူ ၆၈၅ ဦးတွင် အောင်မြင်သူ ၃၉၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၈ ဒသမ ၂၅၊ ပေါင်းတည်မြို့နယ်စာစစ်ဌာနတွင် စုစုပေါင်း ဖြေဆိုသူ ၂၁၅ ဦးတွင် အောင်မြင်သူ ၁၂၇ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၉ ဒသမ ၀၇၊ မင်းလှမြို့နယ်တွင် စာစစ်ဌာန (၂) ခု၌ စုစုပေါင်း ၃၇၁ ဦးအနက် အောင်မြင်သူ ၂၀၉ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၆ ဒသမ ၃၃၊ မိုးညိုမြို့နယ်တွင် စာစစ်ဌာန (၅) ခု၌ စုစုပေါင်း ၂၉၀ ဦးအနက် အောင်မြင်သူ ၁၅၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၇၆၊ လက်ပန်းတန်းမြို့နယ်တွင် စာစစ်ဌာန (၄) ခု၌ စုစုပေါင်း ၄၃၈ ဦးအနက် အောင်မြင်သူ ၂၅၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၈၈ ဒသမ ၄၀၊ သဲကုန်းမြို့နယ်တွင် စာစစ်ဌာန (၄) ခု၌ စုစုပေါင်း ၅၄၂ ဦးအနက် အောင်မြင်သူ ၂၇၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၃ ဒသမ ၉၁၊ ဇီးကုန်းမြို့နယ်တွင် စာစစ်ဌာန (၂) ခု၌ စုစုပေါင်း ၄၇၉ ဦးအနက် အောင်မြင်သူ ၃၃၀ ဦး၊ သာယာဝတီမြို့နယ်တွင် စာစစ်ဌာန (၂) ခု၌ စုစုပေါင်း ၅၃၆ ဦးအနက် အောင်မြင်သူ ၃၂၄ ဦး၊ ရွှေကျင်မြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၃၄၇ ဦးအနက် အောင်မြင်သူ ၁၁၂ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၂ ဒသမ ၂၈၊ တောင်ငူမြို့နယ်ရှိ စာစစ်ဌာန(၄)ခု၌ စုစုပေါင်း ၈၅၃ ဦးအနက် အောင်မြင်သူ ၄၇၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၆ ဒသမ ၆၇၊ ဝေါမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၃၇၄ ဦးအနက် အောင်မြင်သူ ၁၅၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၁ ဒသမ ၄၄၊ ပဲခူးမြို့နယ်ရှိ စာစစ်ဌာန(၃)ခု၌ စုစုပေါင်း ၈၅၅ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း ၅၂ ဒသမ ၄၅၊ ကဝမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၃၉၃ ဦးအနက် အောင်မြင်သူ ၂၂၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၅၁၊ ကျောက်တံခါးမြို့နယ်ရှိ စာစစ်ဌာန(၃)ခု၌ စုစုပေါင်း ၇၀၅ ဦးအနက် အောင်မြင်သူ ၃၁၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၄ ဒသမ ၄၀၊ ကျောက်ကြီးမြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၁၃၉ ဦးအနက် အောင်မြင်သူ ၄၄ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၃၁ ဒသမ ၆၅၊ ညောင်လေးပင်မြို့နယ်စာစစ်ဌာန၌ စုစုပေါင်း ၆၄၃ ဦးအနက် အောင်မြင်သူ ၄၄၅ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၆၉ ဒသမ ၂၁၊ သဲကုန်းမြို့နယ်ရှိ စာစစ်ဌာန(၄)ခု၌ စုစုပေါင်း ၅၄၂ ဦးအနက် အောင်မြင်သူ ၂၇၆ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၃ ဒသမ ၉၁၊ ပန်းတောင်းမြို့နယ်ရှိ စာစစ်ဌာန(၆)ခု၌ စုစုပေါင်း ၅၃၀ ဦးအနက် အောင်မြင်သူ ၂၇၃ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၁ ဒသမ ၅၁၊ ဒိုက်ဦးမြို့နယ်အထက(၁)စာစစ်ဌာန၌ စုစုပေါင်း ၂၅၂ ဦးအနက် အောင်မြင်သူ ၁၂၁ ဦးဖြင့် အောင်ချက်ရာခိုင်နှုန်း ၄၈ ဒသမ ၀၂ ရာခိုင်နှုန်းအောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲအောင်စာရင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်ပညာရေးမှူးရုံးတို့တွင် ကြေညာထားရှိသည့်အပြင် Online မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

R&D