ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ (၇) အနောက်ရပ်ကွက်၊ (၇)ဈေးလမ်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ စိန်ညီလာခန်းမတွင် ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၊ အမှတ်(၂)အခြေခံပညာနှင့် (စက်မှု၊ စိုက်ပျိုး၊ မွေးမြူ) အထက်တန်းကျောင်းသား/သူများအား ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့မှ စာရေး ကိရိယာနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်လွင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်၊ ခရိုင်အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်း၊ ခရိုင်အဖွဲ့ဝင် (၂) ဦးဝင်းလှိုင်၊ အဖွဲ့ဝင်(၃) ခရိုင်လဝက ဦးစီးမှူး ဒေါ်တင်မိုးမိုးအေး၊ အတွင်းရေးမှူး ဗိုလ်တတောင်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်၊ ဗိုလ်တထောင်ခရိုင် ပညာရေးမှူး ဒေါက်တာ ခင်သူဇာစိန်၊ ဗိုလ်တထောင်ခရိုင် အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ဖြိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးများ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ကျောင်းဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားအား အစီအစဉ်(၁၅)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။