တောင်ဥက္ကလာပမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြော သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများပေးအပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်က အမှတ်(၅)အခြေခံပညာာအထက်တန်းကျောင်း၊ ကေသရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။