မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် ပျက်စီးဆုံးရှုံးမှုပုံစံများ ဖြည့်သွင်းမှုသင်တန်းအခမ်းအနား တက်ရောက်

မကွေးတိုင်းဒေသကြီး၊ ကနဦးလိုအပ်ချက်စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ၏ ပျက်စီးဆုံးရှုံးမှုပုံစံများ ဖြည့်သွင်းမှုသင်တန်းကို ဇွန်လ ၁၀ ရက်နေ့က မကွေးမြို့နယ်၊ စုပေါင်း၍ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုစာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က ချမ်းအေးသာစံမြို့နယ် လမ်း ၃၀၊ ၆၃ လမ်းထောင့်ရှိ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေကြီးအမျိုးသမီးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီက ကွင်းတောင်ရပ်ကွက်၊ အခြေခံပညာမူလတန်တန်း(လွန်)(စဉ့်အိုးလှ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဥတ္တရသီရိမြို့နယ်၌ မိုးစပါးကြဲခင်းပပျောက်ရေး၊ စီတာ (Seeder) စပါးမျိုးစေ့ချကိရိယာဖြင့် စိုက်စနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးနှင့်စီတာ (Seeder) စပါးမျိုးစေ့ချကိရိယာများ ပေးအပ်ပွဲကျင်းပ

ပြည်ထောင်နယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်နယ်၌ မိုးစပါးကြဲခင်းပပျောက်ရေး၊ စီတာ (Seeder) စပါးမျိုးစေ့ချကိရိယာဖြင့် စိုက်စနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးနှင့်စီတာ (Seeder) စပါး မျိုးစေ့ချကိရိယာများပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မောင်းရမ်းကျေးရွာအုပ်စု၊ မောင်ရမ်းကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပရာ မြို့နယ်စိုက်ပျိုးရေး​ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် လုပ်ငန်းကော်မတီ(၈)ရပ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေကြီးအတွင်း ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးအတွက် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် လုပ်ငန်းကော်မတီ(၈)ရပ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၉)နာရီက ချမ်းအေးသာစံမြို့နယ်လမ်း ၃၀၊ ၆၃ လမ်းထောင့်ရှိ တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ နိုင်ငံ့ဝန်ထမ်းသားသမီးများနှင့် နိုင်ငံ့ဝန်ထမ်းများအား ပညာသင်ထောက်ပံ့ကြေးနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်  နိုင်ငံ့ဝန်ထမ်းသားသမီးများနှင့် အဆင့်မြင့်ပညာသင်ကြားနေသူ နိုင်ငံ့ဝန်ထမ်းများအား ပညာသင်ထောက်ပံ့ကြေးနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် အ.လ.က(ဝါးရုံကုန်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေ‌ရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.လ.က(ဝါးရုံးကုန်း)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအသိပညာပေးလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျှက်ရှိရာ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ယနေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသား/ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လားရှိုးတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ တတိယနေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်

လားရှိုးတက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ တတိယနေ့အဖြစ် ယနေ့တွင် ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
Subscribe to