စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

အင်းတော် ဇွန် ၁၂

စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုစာအုပ်ပြပွဲနှင့် စာဖတ်ဝိုင်းအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်၊ အင်းတော်မြို့နယ်ရုံး Community Centre ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာအုပ်ပြပွဲအခမ်းအနားအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အင်းတော်မြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ စာအုပ်များကို အခမ်းအနားသို့ တက်ရောက်လာကြသည့် အခြေခံပညာအထက် တန်းကျောင်း (ရေတွင်းကုန်း) G – 10 မှ ကျောင်းသူ/ ကျောင်းသားများက ကြည့်ရှုလေ့လာခဲ့ကြသည်။ ထို့နောက် စာပဒေသာဝေဆာစေမည် အသိပညာပေးဗွီဒီယိုအား ဆက်လက်ပြသခဲ့သည်။ ၎င်းနောက် အင်းတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်သီဟက စာဖတ်ဝိုင်းပြုလုပ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ နတ်သျှင်ရွှေဂူ ရေးသားထားသည့် အနာဂတ်ကိုမျှော်တွေးပါ စာအုပ်မှ အနေခက်တဲ့ညတစ်ည ဆောင်းပါးကိုလည်းကောင်း၊ မပိုးပြည့်ပြည့်ထွန်းက စာရေးဆရာ အကြည်တော်ရေးသားထားသည့် ပြုံးရွှင်သည် - ငိုတတ်သည် စာအုပ်မှ စာပေကျေးဇူးနှင့်ပတ်သက်၍လည်းကောင်း၊ မအေးသန္တာစိုးက စာရေးဆရာလူထုစိန်ဝင်းရေးသားထားသည့် ပန်းတိုင်ကဘာလဲနှင့် အခြားဆောင်းပါးများစာအုပ်မှ ဝါသနာကို ပြုစုပျိုးထောင်ပါ ဆောင်းပါးမှ အကြောင်းအရာများကိုလည်းကောင်း၊ မခင်ဘုန်းလျံက စာရေးဆရာ အောင်သင်းရေးသားထားသော ရည်မှန်းချက်နှင့် ပြဿနာအထွေထွေ စာအုပ်မှ လူငယ်များ ရည်မှန်းချက်ထားရှိရေးအကြောင်းအရာများနှင့် ပတ်သက်၍လည်းကောင်း၊ မောင်ချစ်မိုးဦးက စာရေးဆရာညီညီနိုင် ရေးသားထားသော အောင်မြင်ရေးသော့ချက် စာအုပ်မှ ရည်မှန်းချက် ဆောင်းပါးပါအကြောင်းအရာများကိုလည်းကောင်း၊ မရွန်းလဲ့ဦးက နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်း အမှတ် (၂၅၇) စာအုပ်မှ စာရေးဆရာ မနောဖြူရေးသားထားသော လဲနေရင်ပြန်ထပါ ဆောင်းပါးပါ အကြောင်းအရာများကိုလည်းကောင်း၊ မထက်မွန်မြင့်က စာရေးဆရာ ပါရဂူရေးသားထားသော ဝါဒပြိုင်ပွဲနှင့် ပတ်ဝန်းကျင်ကို လှုပ်ကိုင်သောစာအုပ်မှ တဏှာကိုပယ် အနိစ္စကိုရှု ဆောင်းပါးပါ အကြောင်းအရာများကိုလည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်း အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူလေးများက မိမိတို့ ဖတ်ရှုလေ့လာခဲ့သည့် စာအုပ်များမှ အသိပညာဗဟုသုတများကို မျှဝေဆွေးနွေးခဲ့ပြီးနောက် အခြေခံပညာ အထက်တန်းကျောင်း (ရေတွင်းကုန်း) မှ အထက်တန်းပြဆရာ ဦးမျိုးသန့်ဇော်နှင့် မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိတို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ် ပြန်/ဆက် ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကုဋေသန်းသန်းဌေးက စာဖတ်ရှိန်မြှင့်တင်ရေးနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိက နိဂုံးချုပ်အမှာစကားကို ပြောကြားခဲ့ပြီး အခမ်းအနားအောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ကျော်သီဟ