ကျောက်တံခါး ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါး မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း၊ နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီက ကွင်းတောင်ရပ်ကွက်၊ အခြေခံပညာမူလတန်တန်း(လွန်)(စဉ့်အိုးလှ)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးကျော်သူထွန်းက အဖွင့်အမှာစကားပြောကြားပြီး ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းစိုးက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲခြင်းဖြင့် ရရှိမည့် ပြစ်မှုပြစ်ဒဏ်များတို့ကို ဟောပြောဆွေးနွေးပါသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်အဖြစ် ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းစိုးနှင့် ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား စက္ကူပြဇာတ်၊ ရုပ်ပုံပါပုံပြင်စာအုပ်ဖြင့် ပုံပြင်ပြောခြင်း၊ စာဖတ်ခြင်းများကို ဆောင်ရွက်ပြီး မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာ၊ ကလေးအလုပ်သမားအခွင့်အရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)