လားရှိုးတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ တတိယနေ့အဖြစ် ဆက်လက်ယှဉ်ပြိုင်

လားရှိုး ဇွန် ၁၂

လားရှိုးတက္ကသိုလ် အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသည့် ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများကို ဆက်လက်ကျင်းပလျက်ရှိရာ တတိယနေ့အဖြစ် ယနေ့တွင် ဆက်လက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို လားရှိုးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးအောင်နှင့် ပါမောက္ခများ၊ ကထိကများ၊ နည်းပြဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးလျက်ရှိကြောင်း သိရသည်။

လားရှိုးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘော်လီဘောပြိုင်ပွဲကို ဇွန်လ ၁၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ အမျိုးသား ၆ သင်း၊ အမျိုးသမီး ၅ သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိနေကြောင်း  သိရသည်။

စိုင်းထွန်း(လားရှိုး)