ညောင်လေးပင်မြို့နယ် အ.လ.က(ဝါးရုံကုန်း)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ညောင်လေးပင် ဇွန် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေ‌ရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်‌စေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက အ.လ.က(ဝါးရုံးကုန်း)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီ၀င်းက ကျောင်းသားလူငယ်များဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သူများဖြစ်စေရန် သိသင့်သိထိုက်သည့်အကြောင်းအရာများ၊ ကျောင်းစာအပြင် ပြင်ပဗဟုသုရရှိရန်စာများများဖတ်ကြရန်၊ မူးယစ်ဆေးဝါး၏ဆိုးကျိုးအကြောင်းအရာများနှင့်‌ ရှောင်ကြဥ်ကြရမည့်အချက်များကို ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းအဖြစ် ဒုတိယဦးစီးမှုး ဒေါ်မိုးစန္ဒာ၀င်းနှင့်ဝန်ထမ်းများက အသိပညာတိုးပွါးစေမည့် ရုပ်ပုံပြဇာတ်နှင့်ရုပ်ပုံပါ ပုံပြင်စာအုပ်များဖြင့်ပုံပြင်‌ပြောပြခြင်း၊ စာအုပ်များအားဖတ်ရှု‌စေခြင်းနှင့် မူးယစ်ဆေးဝါးအသိပညာပေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာ‌ပေးနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)