မင်းလှမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ဆက်လက်ထိုးနှံပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော ကျောင်းနေအရွယ် အမျိုးသမီးငယ်များအား ကျောင်းအခြေပြု မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ကို စက်တင်ဘာ(၁၈)ရက်နေ့က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် (၉)နာရီအချိန်က မြောက်ရပ်အခြေခံပညာအလယ်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး၌ (၅၂) ကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် (၅၂) ကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းကို ယမန်နေ့ နံနက် ၈ နာရီက စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သရက်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV) ထိုးနှံရန် အသိပညာပေးဟောပြောခြင်းနှင့် သာအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)ထိုးနှံရန် အသိပညာပေးဟောပြောခြင်းနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၈ ရက်နေ့ နံနက်(၁၀)နာရီကအမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်၌ ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ အသက် ၉ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီက နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ ဘုရားဖြူ အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံပေးသည်။

ကာလိမြို့၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ ဒေသခံပြည်သူများအတွက် အခြေခံစားသောက်ကုန်များ ပြင်ပဈေးနှုန်းထက် သက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ယမန်နေ့ နံနက်(၆)နာရီအချိန်က ကာလိမြို့မဈေးရှေ့တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

မိုင်း‌ငေါ့မြို့တွင် လူငယ်၊ လူရွယ်များ ဗလငါးသန်ဖွံ့ဖြိုးတိုးတက်ရေး “လူငယ်စကားဝိုင်း” ပြုလုပ်‌

ရှမ်းပြည်နယ်၊(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရန်၊ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်စေရန်၊ ဦးဆောင်ဆွေး‌ နွေးတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန  Community Centre ရုံးခန်းတွင် ကျင်းပခဲ့သည်။
Subscribe to