ငါးသိုင်းချောင်းမြို့တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့တွင် သစ်တောဦးစီးဌာနမှ ဒေသတွင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရန်နှင့် သစ်တောသစ်ပင်များကို မြတ်နိုးတန်ဖိုးထားသည့် စိတ်ဓာတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ဂွေးတောက်အုပ်စု၊ မြောက်စမ်းကျေးရွာအနီးရှိ အမတ(၃၄၄)တပ်နယ်ပိုင် ဧရိယာအတွင်း ကျင်းပပြုလုပ်ခဲ့သည်။

အခြေခံပညာမူလတန်းကျောင်း (ကွမ်မုံ) သို့ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ အခြေခံပညာမူလတန်းလွန် ကျောင်း(ကွန်မုံ)သို့ သွားရောက်၍ ကျောင်းသားကျောင်းသူများအား ကျောင်းစာများအပြင် ပြင်ပအသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ဇွန်လ ၁၂ ရက်နေ့ နေ့လယ် ၁နာရီ အချိန်ခန့်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများက လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟေားပြေားပွဲကို ကွင်းဆင်း၍ ဟောပြောဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

၂၀၂၄ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ပြည်ကြီးတံခွန်မြို့နယ် အစိုးရနည်းပညာအထက်တန်းကျောင်း၌ ယနေ့မွန်းလွဲ (၁) နာရီက ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ပြည်မြို့နယ် အရှေ့ပေါက်တောကျေးရွာ၌ ကျေးရွာစာကြည့်တိုက်အသစ် ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်အတွင်း ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများဆောင်ရွက်လျက်ရှိရာ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ အရှေ့ပေါက်တောကျေးရွာ၌ "ထာဝရအမွေ ဇာတိမြေ" ကျေးရွာစာကြည့်တိုက်အသစ် ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်​ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်​ရောင်းဝယ်မှုတိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ်အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာ၊ အထက်တန်းကျောင်း (ခွဲ) တွင် ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကျောင်းသားသူများအား အပြည်ပြည်ဆိုင်ရာမူးယစ်​ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်​ရောင်းဝယ်မှုတိုက်ဖျက်​ရေး​နေ့အထိမ်းအမှတ် အသိပညာ​ပေး​ဟော​ပြောပွဲ ကျင်းပခဲ့သည်။

ကသာမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်တွင်းကြီးမြို့နယ်ရှိ ပန်းချီဆရာများပူပေါင်း၍ အမှတ် (၁) အ​ခြေခံပညာအထက်တန်းကျောင်းတွင် ပန်းချီပြပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်ရှိ ပန်းချီဆရာများပူပေါင်း၍ ပန်းချီပြပွဲကို ယမန်နေ့နေလယ် ၁ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပေလေးပင်ဘက်စုံသုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်း ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လူဦးရေနှင့်အိမ်အကြောင်း အရာသန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းရှိ ကန်သာယာကန်အနီးတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန်နှင့် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ယနေ့ နေ့လယ် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က အဆိုပါရုံးရှိလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့၌ ၂၀၂၄ ခုနှစ် ၊ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့် ဝေခြင်းများဆောင်ရွက်

 ပဲခူးတိုင်း ဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်အချိန်က ရွှေတောင်မြို့၊ရန်ကုန်-ပြည်လမ်းမ‌ကြီးဘေး မြို့နယ်လူမှုဝန်ထမ်းရုံးရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to