ဝါးခယ်မမြို့၌ ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက် (၁၀) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့၌ အခြေခံကွန်ပျူတာသင်တန်း အမှတ်စဥ် ( ၄/၂၀၂၄) ဖွင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူငယ်လူရွယ်များနှင့် ဒေသခံပြည်သူများ လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်လာစေရန်၊ ကွန်ပျူတာပညာရပ်များကို စနစ်တ ကျလေ့လာ ကျွမ်းကျင်တတ်မြောက်စေရန် ၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ရည်ရွယ်၍ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဥ်( ၄/၂၀၂၄)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

တောင်ငူမြို့၌ ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (Vinyl)မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန်က မိုင်ဒါကွင်းရှေ့၊ ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၌ ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးကို အထောက်အပံ့ဖြစ်စေရန်၊ ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှုလျော့နည်းပပျောက်စေရန်၊ ပြည်သူလူထုအတွင်း သစ်တောသစ်ပင်ချစ်ခင်မြတ်နိုးသည့်စိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၈)နာရီက တောင်တွင်းကြီးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၀င်းအတွင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေး ဟောပြောပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဉီးစီးဌာနမှ ဒုတိယဉီးစီးမှူး ဦးပြည့်ဖြိုးဇော်က ကလေးအလုပ်သမားပပျောက်ရေး လှုပ်ရှားမှုဟာ နိုင်ငံတော်အဆင့်ဖြစ်ကြောင်း၊ ကလေး၏ အသက်အပိုင်းအခြား၊ ကလေးသူငယ် အခွင့်အရေးများ‌အကြောင်း၊ ပညာသင်ကြားရမယ့်အရွယ် ကလေးသူငယ်များအား အလုပ်သမားအဖြစ် လုံးဝခိုင်းစေခွင့် မရှိကြောင်းနှင့် "ကလေးကောင်းမှ လူကြီးကောင်းမည်"ဆိုတဲ့ ဆောင်ပုဒ်နှင့်အညီ ကလေးဆိုတာ တိုင်းပြည်အနာဂတ်ဖြစ်ပုံ စသည့် အကြောင်းအရာများကို‌က သေးစိတ်ရှင်းလင်း ပြောကြားခဲ့ပြီး စာအုပ်စာဆောင်များနဲ့ နံရကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။

ပြည်မြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

ယနေ့တွင် ကျရောက်သည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ပြည်ခရိုင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ကြီးမှူး၍ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်မြို့ သီရိခေတ္တရာရတနာမြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းမကြီးဘေး၌ ဆောင်ရွက်ကြောင်း သိရသည်။

ကျေးသီးမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ကျေးရွာများ ရွေးချယ်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ကျေးရွာများ ရွေးချယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အနေဖြင့် ရေချို၊ ရေငန်ဒေသဖြစ်ပြီး ဆန်စပါးကို အဓိကစိုက်ပျိုးလျက်ရှိသောဒေသဖြစ်ရာ ဖျာပုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အချိန်စေ့ကြွေးကျန်အားလုံးပြေကြေပြီးသူ​ တောင်သူများအား ၂၀၂၄ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို လက်ပန်ကျေးရွာအုပ်စုရှိ တောင်သူများအား ယနေ့ နံနက်ပိုင်းအချိန်က အဆိုပါ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ဆက်လက်ထုတ်ချေးပေးလျက်ရှိ​ကြောင်း သိရသည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ဒေသခံလူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတရရှိစေရန်နှင့် ကိုယ်တိုင်ဖတ်မှတ်၍ အမှား၊ အမှန်ကို ဝေဖန်သုံးသပ်တတ်စေရန်၊ အစဉ်အလာကြီးမားသည့် စာပေများကို လူငယ်တိုင်းချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်၍ စာရေးဆရာ အောင်သင်း၏ “လူငယ်ဇွဲနှင့် ဤပညာ”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့သည်။

မြို့သစ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့လုလင်ကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ရှိ အစည်းအဝေးခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။
Subscribe to