သထုံမြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးပြသခြင်း ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စပါးမျိုးစေ့ချကိရိယာ(Seeder) ဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး လက်တွေ့အစေ့ချစိုက်ပျိုးပြသခြင်းကို ယမန်နေ့နံနက်က ဆင်ဖြူကျွန်းကျေးရွာ တောင်သူတစ်ဦး၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း Bill Board စိုက်ထူဖွင့်လှစ်ပေး၊ မိုင်းနားကျေးရွာ ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ထောက်ပံ့၊ ဧရာဝတီမြစ်ကမ်းပါးထိန်းသိမ်းရေးအတွက် စုပေါင်းသစ်ပင်စိုက်ပျိုး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ပြည်သူလူထုအသိပညာပေး Bill Board စိုက်ထူ ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ လူအများစည်ကားရာ နေရာဖြစ်သည့် ဆွမ်ပရာဘွမ်လမ်းနှင့် ဆမားလမ်းဆုံ မီးပွိုင့်အနီး (ကျောက်စိမ်းတုံးအဝိုင်းအနီး)၌ ကျင်းပပြုလုပ်သည်။

မုဒုံမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတွင် ယနေ့ မွန်းလွဲ (၁) နာရီက စာသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို သင်တန်းကျောင်းခန်းမ၌ ပြုလုပ်သည်။

ပင်းတယမြို့နယ်၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ဈေးတန်းရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာမူလတန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ နိုင်ငံတော်အဆင့် ပညာရေးကဏ္ဍနှင့် သုတေသနစာတမ်းဖတ်ပွဲ ပထမဆုရရှိခဲ့မှုပေါ် ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပ

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန် ၁၀ ရက်နေ့ညပိုင်းက ပဲခူးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ နိုင်ငံတော်အဆင့် ပညာရေးကဏ္ဍနှင့် သုတေသနစာတမ်းဖတ်ပွဲ ပထမဆုရရှိခဲ့မှုပေါ် ဂုဏ်ပြုချီးမြှင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရခိုင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၌ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း ဖွင့်လှစ်

ရခိုင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသင်တန်းခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်ကြည်ဝင်းနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၂)နာရီက မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပပြလုပ်ခဲ့ကြောင်းသိရသည်။

မြို့နယ်အတွက် ပထမဦးဆုံးပေါ်ထွန်းလာခဲ့သော ပန်းတစ်ပွင့်

​​​​​​​“ပညာရဲရင့် ပွဲလည်တင့်” ဆိုသည့်စကားအတိုင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ တန့်ယန်းစာဖြေဌာနမှ ပထမဦးဆုံးသော ခြောက်ဘာသာဂုဏ်ထူးရှင် ကျောင်းသူလေးတစ်ဦး ပေါ်ထွန်းလာခဲ့ပြီဖြစ်သည်။

မြောက်ဥက္ကလာပမြို့နယ်တွင် သန်းခေါင်စာရင်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီက သန်းခေါင်စာရင်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Subscribe to