မြင်းခြံမြို့ အ.ထ.က-ခွဲ(အလင်းရောင်)ကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်
ကျောင်းသား၊ ကျောင်းသူများ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြင်းခြံမြို့ အ.ထ.က-ခွဲ(အလင်းရောင်)ကျောင်း၌ ပြုလုပ်ခဲ့သည်။