ဆဒုံးမြို့တွင် တောင်ယာငရုပ်သီးပေါ်စ ဈေးကောင်းရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ရှိ ကျေးရွာများရှိ ဒေသခံများသည် မိသားစု စားဝတ်နေရေးအတွက် ဆန်စပါး၊ အခြားသီးနှံများနှင့်အတူ တောင်ယာငရုပ်သီးများကို  အဓိကထား စိုက်ပျိုးလျက်ရှိရာ ငရုပ်သီးများပေါ်စတွင် ဈေးကောင်းရရှိသဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။

နမ္မတူမြို့နယ် အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

ပုလောမြို့နယ်၌ စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုး ရေးသားထားသည့် မအောင်မြင်ခြင်းရဲ့ ဇာစ်မြစ်များနှင့် အခြားလူငယ်လမ်းညွှန် ဆောင်းပါးများ စာအုပ် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ပုလောမြို့နယ် Community Centre ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

ချီဖွေမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက် (၉)နှစ် ပြည့်ပြီး (၁၂) နှစ်မကျော်သည့် မိန်းကလေးငယ်များအား ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း (ချီဖွေ) ၌ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံ ဆောင်ရွက်ပေးသည်။

သရက်မြို့၌ (၂၄)ကြိမ်မြောက် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်အဆင့်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်အခမ်းအနားကျင်းပခြင်းကို ယမန်နေ့နံနက် (၈)နာရီက သရက်ခရိုင်ခန်းမ၌ ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပေါင်မြို့နယ် (အ.ထ.က) မုတ္တမကျောင်း၌ ကျင်းပခဲ့သည်။

ရေသယံဇာတဖွံ့ဖြိုးရေး အသိပညာပေး Talk Show ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ရေသယံဇာတဖွံ့ဖြိုးရေးအကြောင်းသိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to