ဥတ္တရသီရိမြို့နယ်၌ မိုးစပါးကြဲခင်းပပျောက်ရေး၊ စီတာ (Seeder) စပါးမျိုးစေ့ချကိရိယာဖြင့် စိုက်စနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးနှင့်စီတာ (Seeder) စပါးမျိုးစေ့ချကိရိယာများ ပေးအပ်ပွဲကျင်းပ

ဥတ္တရသီရိ ဇွန် ၁၂

ပြည်ထောင်နယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်နယ်၌ မိုးစပါးကြဲခင်းပပျောက်ရေး၊ စီတာ (Seeder) စပါးမျိုးစေ့ချကိရိယာဖြင့် စိုက်စနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေးနှင့်စီတာ (Seeder) စပါး မျိုးစေ့ချကိရိယာများပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မောင်းရမ်းကျေးရွာအုပ်စု၊ မောင်ရမ်းကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပရာ မြို့နယ်စိုက်ပျိုးရေး​ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါပေးအပ်ပွဲတွင် ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးနိုင်က စီတာ(Seeder) စပါးမျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးရာတွင် တောင်သူများလိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များ၊ တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စံနှုန်းအထွက်တိုးစေရန် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာကို အချိန်ကိုက်၊ အချိုးကျ မျှတစွာ အသုံးပြုပြီး မျိုးကောင်း၊ မျိုးသန့်များရွေးချယ်စိုက်ပျိုးဖို့လိုကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း စသည်တို့ကို လိုက်နာကျင့်သုံးပြီး ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ စီတာ(Seeder) စပါးမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပါက အပင်ပေါက်ညီညာခြင်း၊ လေဝင်လေထွက် ကောင်းခြင်း၊ ဆေးဖြန်းရလွယ်ကူခြင်း၊ ပေါင်းမြက်ကင်းစင်ရလွယ်ကူခြင်း၊ မျိုးကွဲနုတ်ပယ်ရလွယ်ကူခြင်း၊ ပိုးမွှားရောဂါကင်းထောက်စစ်ဆေးရလွယ်ကူခြင်း၊ အထွက်နှုန်းကောင်းမွန်ခြင်းနှင့် မျိုးစေ့ကုန်ကျမှုသက်သာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းပြောကြားပြီး တာဝန်ရှိသူများက စီတာ(Seeder) စပါးမျိုးစေ့ချကိရိယာများကို ဒေသခံတောင်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း (ပြန်/ဆက်)