ဟိုင်းကြီးကျွန်း ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် နိုင်ငံ့ဝန်ထမ်းသားသမီးများနှင့် အဆင့်မြင့်ပညာသင်ကြားနေသူ နိုင်ငံ့ဝန်ထမ်းများအား ပညာသင်ထောက်ပံ့ကြေးနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးဦးကောင်းစံမှ နိုင်ငံ့ဝန်ထမ်းသားသမီးများနှင့် အဆင့်မြင့်ပညာသင်ကြားနေသော နိုင်ငံ့ဝန်ထမ်းများ ပညာသင်ကြားရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် ယခုကဲ့သို့ထောက်ပံ့ငွေများ ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းသားသမီးများနှင့် အဆင့်မြင့်ပညာသင်ကြားနေသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပညာကို ပိုမိုကြိုးစားသင်ယူကြပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာစေရန်ကြိုးစားကြစေလိုကြောင်းပြောကြားပြီး ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ တက္ကသိုလ်အဆင့်ပညာသင်ကြားနေသူ ဝန်ထမ်းသား/သမီး (၂)ဦးနှင့် နိုင်ငံ့ဝန်ထမ်း (၄)ဦးအား တစ်ဦးလျှင် (၄၀၀၀၀)ကျပ်နှုန်း၊ အထက်တန်းအဆင့်ပညာသင်ကြားနေသူဝန်ထမ်းသား/သမီး(၄)ဦးအား တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှုန်း၊ အလယ် တန်းအဆင့်ပညာသင်ကြားနေသူ ဝန်ထမ်းသား/သမီး(၁)ဦးအား (၂၀၀၀၀)ကျပ်နှုန်းနှင့် မူလတန်းအဆင့်ပညာသင်ကြားနေသူ ဝန်ထမ်းသား/သမီး(၅)ဦးအား(၁၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၄၃၀၀၀၀)ကျပ် ထောက်ပံ့ပေးအပ်ခဲ့ပြီးနိုင်ငံ့ဝန်ထမ်း(၁၅)ဦးအား တစ်ဦးလျှင် ဆန် (၂)ပြည်၊ ဆီ (၂)ပိဿာ၊ ကော်ဖီမစ် (၃၀)ထုပ်ပါ (၂)ထုပ် စုစုပေါင်းတန်ဖိုး (၈၁၀၀၀၀)ကျပ် ထောက်ပံ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်