မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ချမ်းအေးသာစံ  ဇွန်  ၁၂

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီအချိန်က ချမ်းအေးသာစံမြို့နယ် လမ်း ၃၀၊ ၆၃ လမ်းထောင့်ရှိ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပရာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေကြီးအမျိုးသမီးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မန္တလေးတိုင်းဒေကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားပြီး မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအတွင်းရေးမှူး တိုင်းဒေကြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသက်လှိုင်ထွန်းက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြရာ တက်ရောက်လာသည့် တိုင်းဒေကြီးအမျိုးသမီးကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့် တိုင်းဒေကြီးအမျိုးသမီကော်မတီအတွင်းရေးမှူးတို့က ဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး လူမှုရေးရာဝန်ကြီမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်