နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင် ဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ တွေ့ဆုံခဲ့သည်။

ညောင်ရွှေမြို့၌ အင်းလေးဖောင်တော်ဦးဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရေး ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ၁၃၈၅-ခုနှစ်၊ အင်းလေးဖောင်တော်ဦးဘုရားပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေး ဒုတိယအကြိမ်အစည်းအဝေးကို ယမနမ်နေ့ မွန်းလွဲ (၁)နာရီခွဲက ညောင်ရွှေမြို့ ရတနာမာရ်အောင်ဘုရား အရှေ့ဘက်မုခ်၌ ပြုလုပ်ခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်တွင် သဘဝဘေးအန္တရာယ်လျော့ချရေးနှင့် တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဥ်များဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနက အ-ထ-က (၁) အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမတွင် သဘာဝဘေးအန္တရာယ်၊ မီးဘေးအသိပညာပေးဆွေးနွေးပွဲနှင့် ဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့က ကျင်းပခဲ့ကြောင်းသိရသည်။

ကျောက်တန်းမြို့၊ ထူးချွန်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အတွက် ထူးချွန်းထက်မြက်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထူးချွန်ကိုယ်ပိုင်အထက်တန်းကျောင်းတို့ပူးပေါင်းကျင်းပသော ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီတွင် ထူးချွန်ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

သာစည်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းမယ်ဇလီကန်၌ သဇင် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် လှိုင်းတက်ကျေးရွာအုပ်စု အခြေခံပညာအထက်တန်းကျောင်း မယ်ဇလီကန်၌သဇင် ကျောင်း ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ကျောင်းဆောင်သစ်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

အုတ်ဖိုမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်

ကျန်းမာတက်ကြွသောလူကြီးဘဝကို ဖြတ်သန်းနိုင်စေရန်ရည်ရွယ်၍ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း သိရသည်။

ရမည်းသင်းမြို့နယ် ထနောင်းကုန်းအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယ​မန်နေ့ မွန်းလွဲ ၁နာရီအချိန်က ရမည်းသင်းမြို့နယ် ထနောင်းကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်လတ် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ ဌာနများပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန် မြင့်မားရေးနှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲများကို ယမန်နေ့ မွန်းလွဲ(၂)နာရီက အမှတ်(၆)အခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။

အမ်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန မူလတန်းကြိုကျောင်း၌ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သည့် အမ်းမူလတန်းကြိုကျောင်းမှ ကလေးများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါမူလတန်းကြိုကျောင်းတွင် ကျင်းပခဲ့သည်။

ကျောက်ဖြူမြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အသက်(၉) နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူများကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)အား ထိုးနှံပေးလျက်ရှိသည်။
Subscribe to