ရန်ကုန် ဇွန် ၁၃
လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး၏ ၁၂ လ ရာသီပွဲတော်များအနက် ၁၃၈၆ ခုနှစ်၊ နယုန်လပြည့်နေ့ ၂၁-၆-၂၀၂၄ ရက် (သောကြာနေ့) နေ့ထူးနေ့မြတ်၌ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ရွှေတိဂုံစေတီတော်ရင်ပြင်၌ မဟာသမယအခါတော်နေ့ အခမ်းအနားကို ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ နေ့ထူးနေ့မြတ်၌ ရွှေတိဂုံစေတီတော်မြတ်ကြီးအား နံနက် ၅ နာရီခွဲတွင် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းခြင်း နံနက် ၆ နာရီတွင် ရွှေတိဂုံစေတီတော်သြဝါဒါစရိယ ဆရာတော်ကြီး များနှင့် စောင့်ရှောက်ရေးသံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ နံနက် ၆ နာရီခွဲတွင် ရင်ပြင်တော်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင် မဟာသမယအခါတော်နေ့ဆိုင်ရာ သိမှတ် ဖွယ်ရာတရားတော်များ နာကြား၍ ရေစက်သွန်းချအမျှပေးဝေခြင်း၊ မဟာသမယနေ့ ဖြစ်ပေါ် လာပုံကို ဖော်ကျူးသည့်အနေဖြင့် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ကပိလဝတ်နှင့် ကောလိယအုပ်စု(၂)စုခွဲ၍ ရွှေတိဂုံစေတီတော်မြတ်ကြီးအား လက်ျာရစ်လှည့်လည်ပူဇော်ပြီး ရာဟုထောင့်ချမ်းသာကြီးတန်ဆောင်းတွင် မဟာသမယသုတ် ရွတ်ဖတ်ပူဇော်သည့်အခမ်းအနား ကျင်းပခြင်း၊ ငြိမ်းချမ်းရေးအထိမ်းအမှတ်အနေဖြင့် ရင်ပြင်တော်ပေါ်ရှိ ခေါင်းလောင်းများကို တစ်ပြိုင်တည်း တီးခတ်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါ၍ ရဟန်းရှင်လူပြည်သူများ ပါဝင် ကုသိုလ်ပြုနိုင်ပါရန် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ နှိုးဆော်ထားကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)