ကျောက်မဲမြို့၊ အ.လ.က (၄) ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကျင်းပ

ကျောက်မဲ ဇွန် ၁၃

 ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က အ.လ.က (၄) ကျောင်းတွင် အသိပညာပေး ဟောပြောပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မြတ်ဝါက စာဖတ်ခြင်း၏အကျိုးကို ဟောပြောခဲ့ကြပြီး ‌ကျောင်းသား ကျောင်းသူများအား အချိန် (၁) နာရီပေး၍ စာဖတ်စေခြင်း အပြန်အလှန် ပြန်လည်ဆွေးနွေးစေခြင်း၊ စာအုပ်များ ငှာရမ်းပေးခြင်းများဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကျောင်းသား ကျောင်းသူ (၁၀၀) ဦး‌ကျော် တက်ရောက်ခဲ့ပြီး ပြသထားသည့် နံရံကပ်စာစောင်နှင့်ဓါတ်ပုံများကို စိတ်ဝင်တစားကြည့်ရှုကြကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)