ကြံခင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြာပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေး‌နေ့အထိမ်းအမှတ်(အကြို) အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကလို့ကွင်းအုပ်စု၊(အ -ထ-က) ချင်းမြောင်ကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကော်ဖီစိုက်ပျိုးသည့် တောင်သူများအတွက် ကော်ဖီလှော်စက် ထောက်ပံ့ပေးအပ်

၎င်းနောက် ကော်ဖီစိုက်ပျိုး ထုတ်လုပ်တောင်သူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကော်ဖီလှော်စက်(၅)လုံးနှင့် စိုက်ပျိုးရေးသုံးပစ္စည်းများဖြစ်သည့် မျိုးစွေချစက်၊ ကော်ဖီပျိုးပင်၊ ဓာတ်မြေသြဇာတို့ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့ကပေးအပ်ရာ ရွှေင်္သိဂီကော်ဖီလုပ်ငန်း၊ Golden Ground ကော်ဖီလုပ်ငန်း၊ ရွှေတောင်တန်းကော်ဖီလုပ်ငန်း ဓနုမယ်ကော်ဖီလုပ်ငန်း၊ မဲနယ်တောင် ကော်ဖီလုပ်ငန်းရှင်များနှင့် ကော်ဖီစိုက်ပျိုးတောင်သူများမှ အသီးသီးလက်ခံရယူကြသည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပြသန့်ရှင်းရေးဆောင်ရွက်နေသည့် ဝန်ထမ်းများအတွက် လုပ်ငန်းခွင်သုံးရောင်ပြန်ဝတ်စကုတ် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှိမြို့ပြသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်နေသည့် ဝန်ထမ်းများအတွက် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့က လုပ်ငန်းခွင်သုံး ရောင်ပြန်ဝတ်စကုတ် တူညီဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်းမှ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများအသင်းမှ ကလောင်စုံ ရေးသားထားသော “လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဆိုင်ရာလုပ်ငန်များအား တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ(၁)တွင် တိုင်း၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံ၍ ပညာရေးဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်‌ကွေးရောဂါကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်ဆေး ခတ်ခြင်းများ စဉ်ဆက်မပျက်ကြပ်မတ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် သွေးလွန်တုပ်‌ကွေးရောဂါကာကွယ်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများတွင် ယမန်နေ့က ခြင်ခိုလှုံပေါက်ဖွားနိုင်သော နေရာများအား လိုက်လံစစ်ဆေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ ရေတွင်း၊ ရေကန်အတွင်းသို့ အဘိတ်ဆေးခတ်ခြင်းများ စဥ်ဆက်မပျက် ဆောင်ရွက်ပေးနေလျက်ရှိသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ ကမ်းနားလမ်း(ညဈေးတန်း) စီမံကိန်းလုပ်ငန်း တည်ဆောက်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင့်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိများ လိုက်ပါကာ ယမန်နေ့ညနေပိုင်းက မကွေးမြို့ ကမ်းနားလမ်း(ညဈေးတန်း)စီမံကိန်း လုပ်ငန်းခွင် တည်ဆောက်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးသည်။

အလုံမြို့နယ်၌ ရပ်ကွက်နေပြည်သူများ၏ ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူ

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုံမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဦးဝင်းနိုင်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။

အလုံမြို့နယ်၌ ပြည်သူများအား သွေးတိုးနှင့် ဆီးချိုရောဂါစစ်ဆေးကုသမှုပေးခြင်းများ ဆောင်ရွက်

ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာရရှိစေရန်နှင့် ကျန်းမာရေးဗဟုသုတရှိခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ ပြည်သူများအား သွေးတိုးနှင့် ဆီးချိုရောဂါစစ်ဆေးကုသမှုပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများမြေပြင်ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက်၊ စည်ပင်သာယာဝင်းအေးငြိမ်းချမ်းသာဓမ္မာရုံတွင် အမှတ်(၈)ရပ်ကွက်အတွင်း နေထိုင်ကြသောမြန်မာတိုင်းရင်းသားလူ မျိုးနွယ်စုများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သည့်နိုင်ငံသားစိစစ်ရေး ကတ်ပြားတစ်မျိုးမျိုးရရှိနိုင်ရေးအတွက် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to