ရှမ်းရွာသစ် ဇွန် ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့အနေဖြင့် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့် မြို့တွင်းရေစီးရေလာ ကောင်းမွန်စေရေးအတွက် လမ်းများ၊ ရေမြောင်းများနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ် (၂၀၇.၄၀) သန်းဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို မေလမှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအချိန်တွင် (၅၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများအား သတ်မှတ်ချိန်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ ဒေါ်တင်တင်အောင်နှင့်တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုဘဏ္ဍာနှစ်တွင် မြို့တွင်းတံတားတည်ဆောက်ခြင်းလုပ်ငန်း (၃) ခု၊ ပလက်ဖောင်းပြုလုပ်ခြင်းလုပ်ငန်း (၈) ခု၊ ကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း (၄) ခု၊ ရုံးတွင်းအဝီစိတူးဖော်ခြင်းနှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ပါက ရေနှုတ်မြောင်းများရေစီး ရေလာကောင်းမွန်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်းနှင့် ကုန်စည်စီးဆင်းမှုများမြန်ဆန်ခြင်းများ ယခင်ကထက် ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ဇင်လေး (ပြန်/ဆက်)