ကျွန်းလှမြို့နယ်တွင် ဒေသခံပြည်သူများအား စားသုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဒေသခံပြည်သူများအား စားသုံးဆီသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသောက် နိုင်ရန်အတွက် ယမန်နေ့ နံနက် ၇ နာရီက ကျွန်းလှမြို့၊ မြို့မစည်ပင်သာယာဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ် ကျေးရွာများရှိ ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) သွားရောက်ထိုးနှံပေး

စစ်ကိုင်းတိုင်း​​ဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အသက် ၉ နှစ်မှ ၁၂ နှစ်အရွယ် ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟုမ္မလင်းမြို့နယ် ညောင်ပင်သာကျေးရွာ မူလွန်ကျောင်း၊ ရေလဲကျေးရွာ အ.ထ.က ခွဲတို့၌ စုစုပေါင်း ကျောင်းသူ ၁၀၀ ဦးကို ထိုးနှံပေးခဲ့​ကြောင်း သိရသည်။

ဝေါမြို့နယ်၌ အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၂) နှစ်မကျော်သောကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၌ အသက် (၉) နှစ်ပြည့်ပြီးအသက် (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ညောင်ခါးရှည်ကျေးရွာ၌ ကျောင်းသူ (၈၁) ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ကျေးရွာများအရောက် ကျန်းမာရေးအသိပညာပေး ဟောပြော၊ အခမဲ့ ဆေးကုသစောင့်ရှောက်‌ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လစဉ်ကျေးရွာများအရောက် ကျန်းမာရေးအသိပညာပေးဟောပြော၊ အခမဲ့ ဆေးကုသ စောင့်ရှောက်‌ပေးလျက်ရှိသည်။

ဘီးလင်းမြို့၊ အ.ထ.က (ရွှေလှေ) ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဘီးလင်းမြို့၊ အ.ထ.က (ရွှေလှေ) ကျောင်း၌ ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာကြီး ဦးတင်ထွဋ်လွင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ကျောင်းကုန်းမြို့၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ရာနှုန်းပြည့်နီးပါး ထိုးနှံပြီးစီးပြီဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံမှုမှာ ယမန်နေ့အထိ ရာနှုန်းပြည့်နီးပါး ထိုးနှံပြီးစီးပြီဖြစ်ကြောင်း ကျန်းမာရေးဌာနက သိရသည်။

အ.ထ.က‌ (ရွှေသောင်ယံ) တွင် ၂၀၂၄ ခုနှစ် စာစစ်ဌာနအတွက် ညှိနှိုင်းတိုင်ပင်ခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အ.ထ.က (ရွှေသောသ်ယံ) တွင် ယမန်‌နေ့ညနေ (၃) နာရီခွဲအချိန်က ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသည့် စာစစ်ဌာနအဖြစ် တာဝန်ယူဆောင်ရွက်ရမည်ဖြစ်သဖြင့် အခက်အခဲမရှိဆောင်ရွက်နိုင်ရန် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆောင်ရွက်ခဲ့သည်။

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက် ရန်ရည်ရွယ်၍ မော်လမြိုင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၃) အခြေခံအထက်တန်းကျောင်း ပွင့်ဦးမာလာခန်းမ၌ ကျင်းပခဲ့သည်။

သထုံမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လိုက်လံဖွင့်လှစ်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ တိုင်တရာအခြေခံပညာမူလတန်း‌ (လွန်) ကျောင်းနှင့် ဘင်လှိုင်ရပ်ကွက်ရှိ ဘင်လှိုင်အခြေခံပညာမူလတန်း (လွန်) ကျောင်းတို့၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၃ ခုနှစ်(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၏ ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယမန်နေ့ ညနေ ၆ နာရီက ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၅)ရှိ ပြင်ဦးလွင်မြို့တော်ခန်းမ၌ကျင်းပရာပြင်ဦးလွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်း၊ တပ်မတော်နည်းပညာ တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်အေးမင်းဦး၊ တပ်မတော်အုပ်ချုပ်မှုကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်လှမျိုး၊ တပ်မတော်ဆက်သွယ်ရေးနှင့်အီလက်ထရွန်းနစ်ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ရဲမြင့်နိုင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ထားထားဝင်းနှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်သန္တာထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲအကဲဖြတ်ဒိုင်များနှင့် ပြိုင်ပွဲဝင်များ  တက်ရောက်ခဲ့ကြသည်။
Subscribe to