မက်မန်း ဇွန် ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကလေးသူငယ်များအား အဓမ္မစေခိုင်းခြင်းမရှိစေရေး၊ ကလေးသူငယ်များဘဝ လုံခြုံရေးနှင့် အရွယ်ရောက်သူ ကလေးသူငယ်များအားလုံး ကျောင်းပညာသင်ကြားစေရန် ရည်ရွယ်၍ ဇွန်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင် တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်ကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များတွင် အခမဲ့လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ကလေးအလုပ်သမားဆိုင်ရာ တားမြစ်ချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်၊ ကလေးအလုပ်သမားများ၏ အသက်အရွယ်များ၊ အပြည်ပြည်ဆိုင်ရာပြဌာန်းချက်များ၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်(၃)ရပ်၊ ကဗျာများ၊ မှတ်တမ်းများကို ဖော်ပြထားသည်။
မက်မန်းမြို့နယ်သည် နယ်စပ်ဒေသတွင်တည်ရှိသည့် မြို့ဖြစ်သောကြောင့် ကလေးငယ်များ၏ ဘဝလုံခြုံရေးနှင့် ကလေးငယ်များ၏ အခွင့်အရေးများကို အပြည့်အဝရရှိစေရန်အတွက် အဆိုပါ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းဖြစ်ကြောင်းလည်း သိရသည်။
စောဥမ္မာ (ခရိုင်၊ ပြန်/ဆက်)