မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကမ္ဘာ့ကလေးအလုပ်သမားဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် နံရံကပ် စာစောင်ပြသ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကလေး သူငယ်များအား အဓမ္မစေခိုင်းခြင်းမရှိစေရေး၊ ကလေးသူငယ်များ ဘဝလုံခြုံရေးနှင့် အရွယ်ရောက်သူ ကလေးသူငယ်များအားလုံး ကျောင်းပညာသင်ကြားစေရန် ရည်ရွယ်၍ ဇွန် လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့အထိမ်း အမှတ် နံရံကပ်စာစောင်ကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က သွားရောက်ပြသခဲ့သည်။

ကွန်ဟိန်းမြို့ (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း (ကွန်ဟိန်း) Grade-6 မှ ကျောင်းသား/ကျောင်းသူများနှင့် ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်စေရေးအတွက် စာရေးဆရာ မောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့ အပြောင်းအလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့နယ်တွင် မျိုးစေ့ချကိရိယာ(Drum seeder)များ ပေးအပ်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် ​တောင်သူများထံသို့ မျိုးစေ့ချကိရိယာ(Drum seeder)ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ရှင်ယွန်းစံခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကျင်းပ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲ ပြုလုပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီက အ.မ.က ကဒုံစီးကျောင်း၌ ပြုလုပ်ခဲ့သည်။

သထုံမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်း နံရံကပ်စာစောင်ပြသခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူး‌ပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးနှင့် စာဖတ်ရှိန်မြင့်မားပြီး အသိပညာ ဗဟုသုတတိုးပွားစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက်ပိုင်းက သထုံမြို့၊ သိမ်ကုန်းရပ်ကွက်ရှိ ဦးဖြူ အခြေခံပညာမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြ‌သည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း လူထုအသိပညာပေးလှုံ့ဆော်ရေး Bill Board စိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ရမည်းသင်းမြို့၊ ရွှေစည်းခုံရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၊ ရန်ကုန်-မန္တလေးလမ်းဘေးတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းခုတ်မြို့၊ မိုင်းလုံးကျေးရွာအုပ်စု၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊မိုင်းလုံးကျေးရွာ အုပ်စုအတွင်းရှိ စာသင်ကျောင်းများ၌ ယနေ့နံနက်ပိုင်းက သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သရက်ခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများအဖွဲ့က ကံမမြို့နယ်အတွင်းရှိ လူနာများအား အခမဲ့ကွင်းဆင်းကုသပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများပါဝင်သော ကွင်းဆင်းဆေးကုသသည့်အဖွဲ့သည် ယနေ့နံနက် (၈) နာရီအချိန်က ကံမမြို့နယ်အတွင်းရှိ အထွေထွေရောဂါဝေဒနာခံစားနေရသော လူနာများအား ကံမမြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့ကွင်းဆင်း ကုသပေးခဲ့သည်။

မအူပင်မြို့၌ U-25 ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အိုင်ဝိုင်းကျေးရွာအုပ်စု၊ အိုင်ဝိုင်းကျေးရွာရှိ AM ဖူဆယ်ဘောလုံးအားကစားကွင်းတွင် ယနေ့နံနက်(၈)နာရီက U-25 ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

ကျိုက်မရောမြို့တွင် ကျောင်းကျန်းမာရေးအသိပညာပေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် စာသင်ကျောင်း အခြေပြုကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အ.မ.က မူလွန် (ကလိုင်းကနိုင်) ကျောင်း၌ ဆောင်ရွက်ပေးလျက်ရှိသည်။
Subscribe to